Datro Fofana နဲ့ နည်းပြ ပြဿနာ။
တိုက်စစ်မှူး Datro Fofana [ ဒေးဗစ် ဒါထရို ဖိုဖာနာ ] နဲ့ နည်းပြ ပြဿနာ။
Datro Fofana [ ဒေးဗစ် ဒါထရို ဖိုဖာနာ ] ဟာ ချန်ပီယံလိဂ် ပွဲစဥ်မှာ လူစားလဲ ခံခဲ့ရပြီးနောက် မကျေမနပ် ဖြစ်ခဲ့ပြီး နည်းပြကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းပိုင် တိုက်စစ်မှူး Datro Fofana [ ဒေးဗစ် ဒါထရို ဖိုဖာနာ ] ဟာ ယူနီယံဘာလင်တွင် နာပိုလီကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဥ် အတွင်း လူစားလဲခံခဲ့ရပြီး သူ့ ရဲ့ မန်နေဂျာကို လက်ဆွဲ နှုတ်ဆက်ရန် ဒေါသတကြီး ငြင်းဆန်ခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
နည်းပြကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တဲ့ ဒေးဗစ် ဒါထရို ဖိုဖာနာ။
ချဲလ်ဆီးအသင်းမှ ဘာလင်တွင် အငှားချထားသည့် တိုက်စစ်မှူး Datro Fofana [ ဒေးဗစ် ဒါထရို ဖိုဖာနာ ] ဟာ ပွဲကစားချိန် မိနစ် ၇၀ မှာ ကီဗင်ဘီရန် အစားထိုးခံခဲ့ရပါတယ်။
David Datro Fofana ဟာ ခုံတန်းလျားဆီသို့ ဖြတ်သွားစဉ် မန်နေဂျာ Urs Fischer ရဲ့ လက်ဆွဲနှုတ်ဆက်မှုကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ပြီး နည်းပြကို လုံးဝ ဂရုစိုက်ခြင်း မရှိခဲ့ပါဘူး။
ထိုအချိန်တွင် ဘာလင်သည် နာပိုလီကို ၁-၀ ဂိုး နဲ့ နောက်ကနေ လိုက်ကစားနေရပြီး အီတလီ ချန်ပီယံများသည် Giacomo Raspadori ရဲ့ ၆၅ မိနစ် အနိုင်ဂိုး နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
သူ့ရဲ့ လုပ်ရပ်အတွက် Datro Fofana [ ဒေးဗစ် ဒါထရို ဖိုဖာနာ ] က တောင်းပန်လိုက်ပါတယ်။
” ကွင်းပြင်မှာ ဖြစ်ပျက်ခဲ့တဲ ကျွန်တော့်ရဲ့ အပြုအမူ အတွက် ကလပ်၊ နည်းပြ၊ ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ” လို့ Fofana က ပြောဆိုခဲ့ပါတယ်။
“ ဒီ အမူအရာက ကျွန်တော့်ရဲ့ သဘောထားကို ဘယ်လိုမှ ကိုယ်စားမပြုပါဘူး။ ကျွန်တော် အသင်းကို အပြုသဘော ဆောင်တဲ့ ရလဒ် ရရှိအောင် ဆက်လက် ကူညီပေးချင်တာပါ။ “
” ဒါကြောင့်မို့လို့ စိတ်ပျက်မိတဲ့ ပုံစံ တစ်ခု အနေနဲ့ပဲ တုံ့ပြန်မိခဲ့တာပါ။ ကျွန်ုပ်တို့ ဆက်လက်ပြီး ချန်ပီယံဆု နဲ့ ရရှိဖို့ ဒီ ပြိုင်ပွဲကြီးမှာ ပိုပိုပြီး ကြံ့ခိုင်လာမှာပါ။” လို့ သူက ဆက်လက် ပြောသွားခဲ့ပါတယ်။
ဒါထရို ဖိုဖာနာ ဟာ ပြီးခဲ့သည့် နွေရာသီက ယူနီယံဘာလင် ဆီ အငှား နဲ့ ပြောင်းရွှေ့ခဲ့ပြီး ဂျာမန် ဘွန်ဒက်စ်လီဂါမှာ ထိပ်တန်း ကစားသမား တစ်ဦး အဖြစ် တိုးတက်လာ ဖို့ မျှော်လင့်ထားပါတယ်။
ရလဒ်ဆိုးတွေ နဲ့ ရပ်တည်နေတဲ့ Datro Fofana [ ဒေးဗစ် ဒါထရို ဖိုဖာနာ ] ရဲ့ ယူနီယံ ဘာလင်။
တကယ်တော့ သူဟာ ညံ့ဖျင်းတဲ့ စတင်မှုကို ရင်ဆိုင်နေရပြီး သူ့ ရဲ့ ပွဲစဥ် အရေအတွက် ၁၁ ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါ။ သူဟာ ဇန်နဝါရီ မှာ Molde ကနေ ချယ်လ်ဆီးကို ယူရို ၁၂.၅ သန်း နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အသက် 20 နှစ်အရွယ်ရှိ တိုက်စစ်မှူး Datro Fofana [ ဒေးဗစ် ဒါထရို ဖိုဖာနာ ] ဟာ ပြီးခဲ့တဲ့ ရာသီရဲ့ ဒုတိယ ရာသီဝက်မှာ အငှားထွက် မကစားခင် ချဲလ်ဆီးအသင်း အတွက် ၃ ပွဲကစားခဲ့ပါတယ်။
ဘာလင် အသင်း ကိုယ်တိုင်ကလည်း ၁၉ နှစ်တာအတွင်း အဆိုးရွားဆုံး ပုံစံ နဲ့ ရင်ဆိုင် နေရပြီး အခု ပြိုင်ပွဲ အရပ်ရပ်မှာ ၉ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားကာ သုံးပွဲ ကစား အပြီးမှာ ရမှတ် ၀ နဲ့ ချန်ပီယံလိဂ် အုပ်စု ရဲ့ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းက ရမှတ် အများဆုံး နဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး ဒုတိယက နာပိုလီက ၆ မှတ်၊ ဘရာဂါ အသင်းက ၃ မှတ် နဲ့ တတိယ နေရာမှာ ရပ်တည် နေကြပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။