Jacob Neestrup မှ ယူနိုက်တက်အသင်းကို လှောင်ပြောင်။
ယူနိုက်တက် ကို အနိုင်ရပြီးနောက် လှောင်ပြောင်ခဲ့တဲ့ ကိုပင်ဟေဂင် နည်းပြ Jacob Neestrup [နက်စ်ထ်ရက်ပ် ]။
Jacob Nestrup [ဂျက်ကော့ဖ် နက်စ်ထ်ရက်ပ် ] ဟာ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရပြီးနောက် ဒါဟာ သူတို့ အသင်း ရဲ့ ‘ အညံ့ဆုံးစွမ်းဆောင်ရည် ‘ ပဲ ရှိသေးတယ်ဆိုပြီး လှောင်ပြောင် ပြောဆိုခဲ့ပါတယ်။
ဒိန်းမတ်ကလပ် ကိုပင်ဟေဂင် အသင်းဟာ 4-3 ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အသင်းနည်းပြ Jacob Neestrup [ဂျက်ကော့ဖ် နက်စ်ထ်ရက်ပ် ] မှ လှောင်ပြောင်ခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ရမှတ် ၄ မှတ်နဲ့ အုပ်စု ဒုတိယနေရာ ရပ်တည်နေတဲ့ ကိုပင်ဟေကင်။
ယူနိုက်တက် အသင်းဟာ ကိုပင်ဟေကင် အသင်းရဲ့ အိမ်ကွင်း Parken ကွင်းမှာ အံ့အားသင့်ဖွယ် ထိပ်တိုက် တွေ့ဆုံမှု အပြီး အုပ်စု A ရဲ့ အောက်ဆုံး အဆင့်ဆီ ကျဆင်းသွားခဲ့ပါတယ်။
ပွဲကစားချိန် အစောပိုင်းမှာ 2-0 ဂိုး နဲ့ ဦးဆောင်ခဲ့ပေမယ့် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အား အနီကတ်ပြခံပြီးနောက် တဖြည်းဖြည်း ခြေစွမ်း ပြန်လည် ကျဆင်းလာခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ် ဟာ ဒုတိယပိုင်းမှာ ပင်နယ်တီ သွင်းဂိုး နဲ့အတူ ဧည့်သည်များကို ထပ်မံဦးဆောင်နိုင်ခဲ့သော်လည်း နောက်ကျဂိုး နှစ်ဂိုးနဲ့ ပွဲအပြီးမှာ ဧည့်သည် ပရိတ်သတ်များကို စိတ်ပျက်စေခဲ့ပါတယ်။
ယခုအခါ ကိုပင် ဟေကင် အသင်းဟာ အရည်အချင်း ပြည့်မီတဲ့ ဘိုင်ယန် မြူးနစ် အသင်းနောက် ရမှတ် ၄ မှတ် နဲ့ အုပ်စု ဒုတိယ နေရာမှာ ရပ်တည် နေပါတယ်။
အုပ်စုပွဲ ၄ ကျော့ ပြီးရင် အုပ်စု ဒုတိယနေရာအတွက် ယုံကြည်နေတဲ့ နည်းပြ Jacob Nestrup [ နက်စ်ထ်ရက်ပ် ]။
ပွဲမစမီတွင် ကိုပင်ဟေဂင် ပရိသတ်များသည် ‘အိပ်မက်ဆိုး ပြဇာတ်ရုံ’ မှ ကြိုဆိုပါတယ်ဆိုတဲ့ ဖော်ပြထားသည့် ဆိုင်းဘုတ်ဖြင့် ယူနိုက်တက် ပရိသတ်များကို နှုတ်ဆက်ခဲ့ကြပါတယ်။
နည်းပြ Jacob Neestrup [ဂျက်ကော့ဖ် နက်စ်ထ်ရက်ပ် ] ဟာ ကိုပင်ဟေဂင်တွင် အမှတ် ၃ မှတ် အရယူခဲ့စဥ် ဒါဟာ အကောင်းဆုံး စွမ်းဆောင်ရည် မဟုတ်သေးကြောင်း ကြွေးကြော်ရင်း ယူနိုက်တက် ပရိတ်သတ်များအတွက် ဒဏ်ရာများကို ဆားနဲ့ပက်သလို ဖြစ်စေခဲ့ပါတယ်။
“ကိုပင်ဟေဂင်နည်းပြအဖြစ် ကျွန်တော့် အတွက်ကတော့ ဒီအုပ်စုအဆင့်မှာ ကျွန်တော်တို့ရခဲ့တဲ့ အညံ့ဆုံး စွမ်းဆောင်ရည်ပါပဲ။ ဒီနေ့ ခြုံကြည့်ရရင် ငါတို့အသင်းက ၃ မှတ် မပြောနဲ့ ၁ မှတ်တောင် မထိုက်တန်ဘူး။ ” လို့ ဝန်ခံခဲ့ပါတယ်။
“ဒါပေမယ့် လေးကျော့ပြန်ပြီး နိုင်ရင် ကိုပင်ဟေဂင်က ဒုတိယနေရာမှာ ရှိနေဖို့ အရမ်းပဲ ထိုက်တန်တယ် ဆိုတော့ ငါတို့က လေးပွဲကျော် ဒုတိယ အကောင်းဆုံး အသင်း ဖြစ်နိုင်တယ် လို့ ငါတကယ် ယုံကြည်နေပါတယ်။ ” လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ကိုပင်ဟေကင် နည်းပြ Jacob Nestrup [နက်စ်ထ်ရက်ပ် ] မှ ပြောကြားခဲ့ပါတယ်။
နည်းပြ Jacob Nestrup [ဂျက်ကော့ဖ် နက်စ်ထ်ရက်ပ် ] က သူ့ အသင်းဟာ သရဲနီ အသင်း နဲ့ ယှဉ်ပြိုင် ကစားရတာကို နှစ်သက်ခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။
“ပထမသုံးကြိမ်မှာ ကျွန်တော်တို့ ကံမကောင်းခဲ့ဘူးလို့ မပြောခဲ့ဖူးပါဘူး။ အရည်အသွေး ညံ့ဖျင်းတယ်လို့ ကျွန်တော်ပြောဖူးတယ်။ ဘောလုံးမှာ ကံကောင်းခြင်းလို့ ခေါ်တဲ့ အရာတစ်ခု ရှိခဲ့ရင် ဒီနေ့ ကျွန်တော်တို့ ရပါပြီ။ “
“ ဒါပေမယ့် ငါတို့လည်း လိုက်ရှာတယ်။ အစောပိုင်း ဂိုးက ကျွန်တော်တို့ကို အရမ်း တုန်လှုပ်စေခဲ့ပါတယ်။ ပထမပိုင်းမှာ အနီကတ် မတိုင်ခင်အထိ ကွင်းထဲမှာ ဒုတိယအကောင်းဆုံး အသင်းသာ ဖြစ်ခဲ့ပါတယ်။ “
“ ဒါက ပထမပိုင်း ၁၅ မိနစ်မှာ အရှိန်အဟုန် ကို ပြောင်းလဲစေခဲ့ပြီး ကျွန်တော်တို့ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။” လို့ နည်းပြချုပ် Jacob Nestrup က ပြောကြားခဲ့ပါတယ်။
မန် ယူနိုက်တက် အသင်းဟာ လာမည့် ချန်ပီယံလိဂ်တွင် ဂါလာတာဆာရေး ဆီ သွားရောက်ကာ သူတို့ရဲ့ အဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းဖို့ အနိုင်ရရှိရန် လိုအပ်နေပါတယ်။
ဒါပေမယ့် သီတင်းပတ်ကုန်မှာ ပရီးမီးယားလိဂ်တွင် လူတန်တောင်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ Ten Hag ဆက်လက် တာဝန်ယူနိုင်ဦးမလားဆိုတာ သံသယများ ကြီးမားလာမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။