Armando Broja ကို ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်း။

Armando Broja is a January transfer target for West Ham United WS
December 11, 2023

ချဲလ်ဆီး တိုက်စစ်မှူး Armando Broja [ အာမန်ဒို ဘရိုဂျာ ] ကို ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်း။

Armando Broja [ အာမန်ဒို ဘရိုဂျာ ] ဟာ ဝက်စ်ဟမ်း ယူနိုက်တက်အတွက် ဇန်နဝါရီ အပြောင်းအရွှေ့ ပစ်မှတ်ဖြစ်တယ်လို့ အပြောင်းအရွှေ့ သတင်းတွေ အရ သိရပါတယ်။

အသက် ၂၂ နှစ် အရွယ် အယ်လ်ဘေးနီးယား လက်ရွေးစင် ကစားသမား Armando Broja [ အာမန်ဒို ဘရိုဂျာ ] ဟာ ဝက်စ်ဟမ်းကို ဦးဆောင်ကာ ပရီးမီးယားလိဂ်အသင်းများစွာက အလိုရှိနေသည့် ကစားသမားတစ်ဦးဖြစ်သည်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အယ်လ်ဘေးနီးယားသား Armando Broja [ အာမန်ဒို ဘရိုဂျာ ] အတွက် ပြောင်းရွှေ့ ကြေး။

ခန့်မှန်း ပြောင်းရွှေ့ကြေး (ETV) ယူရို ၂၀.၅ သန်းရှိတဲ့ တိုက်စစ်မှူး Armando Broja [ အာမန်ဒို ဘရိုဂျာ ] ဟာ လအတန်ကြာ အရွတ်စုတ်ပြဲ ဒဏ်ရာ ကို ဆေးကုသမှု ခံယူခဲ့ပြီးနောက် မကြာသေးမီက ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

အခု ရာသီ သူဟာ ချယ်လ်ဆီး အသင်းအတွက် ပရီးမီးယားလိဂ် ၈ ပွဲကစား  ၁ ဂိုး သွင်းယူထားပြီး ဒါဟာ ချဲလ်ဆီး အသင်းရဲ့ ဂိုးသွင်းယူမှု ပြဿနာ များ ရှိနေစေပါတယ်။

Armando Broja at Chelsea

ချဲလ်ဆီး တိုက်စစ်မှူး ဘရိုဂျာ။

ဒါပေမယ့် ချဲလ်ဆီးတို့ဟာ နွေရာသီ အပြောင်းအရွှေ့ မှာ  အကယ်ဒမီထွက် ကစားသမား‌တွေကို အားကိုးရမည့်အစား ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် ဆီ ပြန်လည် ဝင်ရောက်ဖွယ် ရှိနေပါတယ်။

ဘရိုဂျာ ဟာ ၂၀၂၁/၂၂ ရာသီအတွင်း ဆောက်သမ်တန် အသင်းဆီ အငှားသွားရောက် ကစားစဉ်က  ၉ ဂိုး သွင်းယူပြီးနောက် သူ့ ရဲ့ ပြောင်းရွှေ့ ကြေး ဟာ ပရီးမီးယားလိဂ် ကလပ်များကြားမှာ မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းကလည်း သွင်းဂိုးတွေ အတွက် Armando Broja [ ဘရိုဂျာ ] ကို လိုအပ်နေပါတယ်။

လက်ရှိမှာ ဝက်စ်ဟမ်း အသင်းဟာ တိုက်စစ်မှူး Armando Broja [ အာမန်ဒို ဘရိုဂျာ ] အတွက် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ပေးချေဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

ဒေးဗစ် မိုယက်စ် ရဲ့ အသင်းဟာ သူတို့ရဲ့ အဆင့် မြင့်တက်လာဖို အနိုင် သွင်းဂိုးတွေ အတွက် ရုန်းကန် နေရပြီး သူ တို့ဟာ  အခု ရာသီမှာ လိဂ်ပွဲစဉ် ၁၆ ပွဲ အတွင်း ၂၆ ဂိုးသာ သွင်းယူထားပါတယ်။

Armando Broja at Southampton

ဆောက်သမ်တန်မှာ အငှား သွားရောက် ကစားခဲ့တဲ့ ဘရိုဂျာ။

လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံး တစ်ဝက်တွင်ရှိသော အသင်းများကြားတွင် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့သာ စုစုပေါင်း ဂိုး အရေအတွက် နည်းပါးမှု တူညီလုနီးပါး ဖြစ်နေတာပါ။

ဒါ့အပြင် နွေရာသီမှာ ဆော်ဒီပရိုလိဂ်မှ ကမ်းလှမ်းမှုကို ပယ်ချခံရသည့်အတွက် မပျော်မရွှင်ဖြစ်ခဲ့သည့် မီချားလ် အန်တိုနီယို ရဲ့ အနာဂတ် နဲ့ ပတ်သက် လို့ မရေရာမှုများ ရှိနေပါသေးတယ်။

ဗဟို တိုက်စစ်မှူး တစ်ဦး ရှာဖွေနေတဲ့ ဝက်စ်ဟမ်း ယူနိုက်တက် အသင်း။

သူဟာ ဂျမေကာအသင်း နဲ့ နိုင်ငံတကာ တာဝန်များ ထမ်းဆောင်စဉ်ကတည်းက ဒဏ်ရာ ရရှိခဲ့ပြီး အခု ရာသီ တစ်ခုလုံးမှာ သူ့ ရဲ့ ခြေစွမ်းက စိတ်ပျက်စရာဖြစ်နေကာ ပြိုင်ပွဲ စုံ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ နွေရာသီတွင် ဗဟို တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး အာဆင်နယ် တိုက်စစ်မှူး ဖိုလာရင် ဘာလော့ဂွန် ကို သူ တို့ ရဲ့ ထိပ်တန်း ကစားသမားအဖြစ် လျာထားခဲ့ပါတယ်။

Armando Broja Mohamed Kudus at West Ham

ဝက်စ်ဟမ်း တိုက်စစ်ကို ဦးဆောင်နေတဲ့ ကူဒက်စ်။

နောက်ဆုံး အနေနဲ့ Mohamed Kudus ကို Ajax အသင်းကနေ ခေါ်ယူထားပေမယ့် ဂါနာ ကြယ်ပွင့်အား ယေဘုယျအားဖြင့် ပိုမိုကျယ်ပြန့် တဲ့ တောင်ပံ အခန်းကဏ္ဍတွေမှာ အသုံးပြုခဲ့လေ့ ရှိပါတယ်။

အခုအခါ မိုယက်စ်ဟာ သူ့ ရဲ့ ရွေးချယ်မှုများကို အလယ်အလတ် အဆင့် အထိ အားကောင်းလာစေရန်အတွက် ရွေးချယ်မှုများအတွက် ရှာဖွေလျက် ရှိနေပါတယ်။

အသက် ၂၂ အရွယ် တိုက်စစ်မှူး ဘရိုဂျာ ဟာ ဝက်စ်ဟမ်းအား သဘောကျသည့် ကစားသမား ဖြစ်ပေမယ့် ချယ်လ်ဆီး တိုက်စစ်မှူးအတွက် ပြိုင်ဆိုင်မှု ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ပြင်းထန်ဖွယ် ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment