အသင်းပိုင်ရှင် ဆက်ရှင်ပိတ်ခံထားရတာကြောင့် အကျပ်အတည်းဖြစ်နေတဲ့ ချဲလ်ဆီးအသင်း
ဗြိတိန်အစိုးရက ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားနိုင်ငံသား အီဘရာမို့ဗစ်ကို
ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကြောင့် ချယ်လ်ဆီးအသင်း အကျပ်အတည်းဖြစ်နေပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အီဘရာမို့ဗစ်ကို ဒဏ်ခတ်အရေးယူတဲ့ ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် လန်ဒန်အသင်း အကျပ်အတည်းနဲ့ ရင်ဆိုင် နေရပါတယ်။
သ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အေးခဲပြီး ခရီးသွားခွင့် ကန့်သတ်ထားခဲ့တဲ့ ရုရှားစီးပွားရေး လုပ်ငန်းရှင် ခုနစ်ဦးထဲက တစ်ဦးဖြစ်ဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်
အသင်းအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေရှိမယ်လို့ ယူဆရပါတယ်။
1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်) MMSPORT100 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။
အကောင့်ဖွင့်နည်း
How to register in 1XBET? – Myanmar Sports
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က “ကျူးကျော်မှုကို ပံ့ပိုးပေးသူတွေ အတွက် လုံခြုံတဲ့ ခိုကိုးရာ မရှိနိုင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
“ဒီနေ့ ပိတ်ဆို့အရေးယူမှုဟာ ယူကရိန်းပြည်သူများကို မယိမ်းယိုင်တဲ့ ပံ့ပိုးကူညီမှုများအတွက် ယူကေရဲ့ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ အရပ်သားများကို ရက်ရက်
စက်စက် သတ်ဖြတ်ခြင်း၊ ဆေးရုံများ ဖျက်ဆီးခြင်းနဲ့ အချုပ်အခြာအာဏာပိုင် မဟာမိတ်များရဲ့ တရားမဝင် သိမ်းပိုက်ခြင်းကို ခံရသူများအား လိုက်လျောမယ်” လို့
သူက ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းပိုင်ရှင်ဟာ အသင်းကို ရောင်းထုတ်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုတာ ပေါ်လွင်လာခဲ့ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ အဆိုပါပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေချိန်မှာ ဘယ်အပြောင်းအရွှေ့မှ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ဟာ အန်ဒရေ ခရစ်စတီ
ယန်ဆန်၊ အန်တိုနီယို ရူဒီဂါနဲ့ ဆီဇာ အက်ဇဘလီကွီတာတို့ရဲ့ စာချုပ်တွေကို သက်တမ်းတိုးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ချယ်လ်ဆီးပရိသတ်တွေဟာ တရာသီလုံးစာ လက်မှတ်ကိုင်ဆောင်ထားသူတွေပဲ စတန်းဖို့ဒ်ဘရစ်ချ်ကို ဝင်ရောက်ခွင့်ရရှိပြီး ကျန်တဲ့သူတွေကတော့ ပွဲ
အတွက် လက်မှတ်တွေကို ဝယ်ယူနိုင်မှာ မဟုတ်တော့ပါ။ အသင်းဂျာစီနဲ့ တခြား အားကစား ပစ္စည်းတွေ ရောင်းချခြင်းကိုလည်း တားမြစ်ထားတယ်လို့ သိရှိရပါ
တယ်။
ယူကေ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ “ဒီပိတ်ဆို့မှုတွေဟာ ပူတင်ရဲ့ တရားမဝင် ကျူကျော်မှုအပေါ် ယူကေရဲ့ နောက်ဆုံးအဆင့် တုံ့ပြန်မှုဖြစ်ပြီး၊ သူ့ရဲ့ စစ်ယန္တရားက ရုရှား
စီးပွားရေးကို ထိခိုက်စေပြီး ယူကရိန်းမှာ သူကျရှုံးကြောင်း သေချာစေဖို့အတွက် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ “
“ဗြိတိန်ဟာ သူ့ရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေလိုမျိုး ရုရှားစီးပွားရေးကဏ္ဍတစ်ခုလုံးရဲ့ ကြီးမားတဲ့
အချိုးအစားကို ပိတ်ပစ်ဖို့ ဒီကြိုးပမ်းမှုကို အာရုံစိုက်နေပါတယ်။ “
“ကျူးကျော်ဝင်ရောက်ချိန်က စ,ပြီး ရုရှားရဲ့ အရေးပါဆုံးနဲ့ တန်ဖိုးမြင့်ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းခွဲတွေထဲက ၅၀၀ ကျော်ကို ယူကေရဲ့ ပိတ်ဆို့အရေးယူမှု
စာရင်းမှာ ထည့်သွင်းထားတယ်။” လို့ ကြေညာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အေဘရာမိုဗစ်ချ်အပေါ် ယူကေအစိုးရရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် ထိခိုက်ဖွယ်ရှိပြီး သူတို့ရဲ့ အနာဂတ်က အခုချိန်မှာ ဟန်ချက်ညီမှာ မဟုတ်
တော့ပါ။