NeymarJR 10 နဲ့ ချဲလ်ဆီး Line Up ဘယ်လိုချမလဲ။
တောင်ပံ တိုက်စစ် ကစားသမား NeymarJR 10 [ နေမာ ] ရောက်လာခဲ့ရင် ချဲလ်ဆီးရဲ့ ဖြစ်နိုင်ဖွယ် ကစားကွက်။
NeymarJR 10 [ နေမာ ] ကို ကမ်းလှမ်းဖို့ ချဲလ်ဆီး အသင်း အနေနဲ့ စီစဥ်နေကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။ ဒါဆိုရင် သူတို့ အနေနဲ့ ဘရာဇီးလ်သား နဲ့အတူ အသင်း ကစားကွက်ကို ဘယ်လိုချမလဲ လေ့လာကြည့်ရအောင်ပါ။
Todd Boehly ရဲ့ ကစားသမား အပြောင်းအရွှေ့အတွက် ချဲလ်ဆီး အသုံးစရိတ်သည် ယူရိုသန်း ၆၀၀ ထက် ကျော်လွန်နေပြီ ဖြစ်သော်လည်း အမေရိကန် ဘီလျံနာသည် အပြီးသတ်ဖို့ ဝေးကွာနေသေးကြောင်း သတင်းများ အရ သိရပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဘရာဇီးလ်သား NeymarJR 10 [ နေမာ ] အတွက် ကမ်းလှမ်းမှုကို လက်ခံဖို့ အဆင်သင့် ဖြစ်နေတဲ့ PSG။
ပြင်သစ် နေ့စဉ် သတင်းစာ Le Parisien ရဲ့ ဖော်ပြချက် အရ ချယ်လ်ဆီး အသင်းသည် လာမည့် နွေရာသီတွင် နေမာကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပြီး Paris Saint-Germain မှ ယူရိုသန်း ၆၀ နဲ့ ကမ်းလှမ်းမှုများကို လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
Boehly ဟာ PSG နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် အင်္ဂါနေ့က ပဲရစ်မြို့ကို သွားရောက်ခဲ့ပြီး သူ့ရဲ့ ပါရီ မဟာမိတ် နာဆာ အယ်လ်-ခလာအိဖီ နဲ့ တွေ့ဆုံခဲ့ပါတယ်။
နေမာဟာ အခု ရာသီမှာ ကီလီယန် အမ်ဘာပေ နဲ့အတူ အသင်းကို ဦးဆောင်ကာ ၁၇ ဂိုး သွင်းယူပြီး ၁၆ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင်တဲ့ ဘယ်ဘက်ခြမ်းမှ အကောင်းဆုံး လုပ်ဆောင်လျက် ရှိနေပါတယ်။
တိုက်စစ်ပိုင်း ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်း။
ချဲလ်ဆီးအသင်းဟာ အခု ရာသီမှာ တိုက်စစ်ပိုင်းအတွက် ရုန်းကန်နေရပြီး တိုက်စစ် ကွင်းလယ် ချိတ်ဆက်ပေးနေတဲ့ ကွင်းလယ်ကစားသမား ကိုင် ဟားဗတ်ဇ်က မကြာခဏ ဆိုသလို တိုက်စစ် ပိုင်းကို ဦးဆောင်နေတာ တွေ့ရ ပါတယ်။
ဒါပေမယ့်လည်း ကိုင် ဟားဗတ်ဇ်ဟာ ဒီရာသီမှာ ချဲလ်ဆီး အသင်းအတွက် စွမ်းဆောင်ရည် အနေနဲ့ ပရီးမီးယားလိဂ် သွင်းဂိုး (၅) ဂိုးသာ သွင်းယူထားတာကြောင့် သူ့ရဲ့ နေ့ရက် တွေကို အမှတ်ရနေခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအတွက် ကံကောင်းထောက်မစွာနဲ့ သူတို့ဟာ RB Leipzig မှ ခရစ်စတိုဖာ အန်ကွန်ကူကို ဇူလိုင်လတွင် ခေါ်ယူဖို့ စီစဉ်ထားပြီး ချယ်လ်ဆီး အသင်းရဲ့ တိုက်စစ်ဟာ လာမယ့် နွေရာသီမှာ အလွန် ကွဲပြားသွားမယ် ပုံစံရှိမှာ ဖြစ်ပါတယ်။
အန်ကွန်ကူ က အသင်းကို ဦးဆောင်နေပြီး NeymarJR 10 [ နေမာ ] က သူ့နောက်မှာ ကပ်ထားတာကြောင့် နောက်ဆုံး တတိယနေရာက ဇန်နဝါရီ အပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ် ကနေ အငှားနဲ့ ရောက်ရှိလာတဲ့ ပေါ်တူဂီသား ယွာအို ဖီးလစ်ခ်စ် ဖြစ်ဖို့များပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ NeymarJR 10 [ နေမာ ] ပါဝင်လာမယ့် ဖြစ်နိုင်ခြေ ကစားကွက်။
တချိန်တည်းမှာ သုံးမျိုးလုံးအတွက် ပံ့ပိုးပေးမည့် ဖြစ်နိုင်ခြေ ကစားကွက်ကတော့ ၃-၄-၃ စနစ်ပဲဖြစ်ပါတယ်။ ဂရေဟမ်ပေါ်တာဟာ ဒီရာသီတွင် သူ့ရဲ့ ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၇ ပွဲကို နောက်ချန်တိုက်စစ်တွေ နဲ့ အသုံးပြုထားပါတယ်။
အခြား ၉ ပွဲကိုတော့ နောက်တန်း ၄ ယောက် နဲ့ ကစားကွက်ကို အသုံးပြုထားပါတယ်။ ဒါပေမယ့်လည်း ရီးစ် ဂျိမ်းစ်၊ ဘန် ချီးဝဲလ် တို့နဲ့အတူ အရင် စနစ်ဟောင်းကို ပိုနှစ်သက်မယ် လို့ သံသယရှိနေဆဲ ဖြစ်ပါတယ်။
ဘင်ဖီကာအသင်းမှ ယူရိုသန်း ၁၂၀ ဖြင့် ရောက်ရှိလာပြီးနောက် ကွင်းလယ်တွင် အန်းဇိုဖာနန်ဒက်ဇ်ဟာ လှုပ်ရှားမှုတွေ ချက်ချင်း စ,တင်နေပြီ ဖြစ်ပါတယ်။ သူ့မှာ မေဆင် မောင့်ထ် ဒါမှမဟုတ် မတ်တီယို ကိုဗာ့ဆစ်ကို အသင်းအတွက် ထားရှိရမှာ ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း ဂျော်ဂျင်ဟိုကို အာဆင်နယ်အသင်းဆီ ရောင်းထုတ်ခဲ့ပြီး အန်’ ဂိုလို ကန်တေ ကလည်း ဒဏ်ရာ ပြဿနာတွေနဲ့ အသင်း စာရင်းထဲ ထည့်တွက်ဖို့ ခက်ခဲနေတာပါ။
ဘိုလီဟာ ချဲလ်ဆီးတွင် “Vision 2030” ပရောဂျက်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသော်လည်း မကြာသေးမီက တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီးနောက် အသက် ၃၈ နှစ် အရွယ် သီယာဂို ဆေးလ်ဗားက လာမည့် ရာသီတွင် အသင်းကို ပံ့ပိုးပေးဦးမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။