EnzoFernandez နဲ့ ချဲလ်ဆီး အပြောင်းအရွှေ့သတင်း။

ကွင်းလယ်လူ EnzoFernandez [ အန်ဇို ဖာနန်ဒက်ဇ် ] ကို ခေါ် ယူတော့မယ့် ချဲလ်ဆီး အသင်း။
EnzoFernandez [ အန်ဇို ဖာနန်ဒက်ဇ် ] ကို ချဲလ်ဆီးတို့ ဘင်ဖီကာ အသင်းဆီကနေ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ နဲ့ ခေါ် ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ အပြောင်းအရွှေ့ ဆရာကြီး ဖာဘရီဇီယို ရိုမန်နိုက ဖော်ပြခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ် ယူဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ကမ္ဘာ့ဖလား ချန်ပီယံ ဆုရှင်ကို သူ့ရဲ့ ပေါ်တူဂီကလပ်ကနေ ခေါ်ယူဖို့ အတွက် ယူရို သန်း ၁၂၀ အထိ ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဖာဘရီဇီယို က ဖော်ပြခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
မွိုက်စ် ကိုက်ဆယ်ဒိုကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တဲ့ ချဲလ်ဆီးအသင်း။
ချယ်လ်ဆီး အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတစ်လျှောက် ဗဟို ကွင်းလယ် ကစားသမားတစ်ဦးကို အပူတပြင်း လိုက်ရှာဖွေနေပြီး ပစ်မှတ် အများအပြားကို ကြည့်ရှုနေပေမယ့် သူတို့ရဲ့ အသင်းမှာ ထည့်သွင်းနိုင်ခြင်း မရှိသေးပါဘူး။
အန်ဇို ဖာနန်ဒက်ဇ် ဟာ ဂရေဟမ်ပေါ်တာ အသင်းရဲ့ ဆန်ခါတင် စာရင်းမှာ အမြဲပါဝင်နေပြီး သူတို့ အနေနဲ့ အပြောင်းအရွှေ့ စ, ကတည်းက ခေါ် ယူဖို့ စေ့စပ်စပ် ချိတ်ဆက်နေခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့စဥ်က မွိုက်စ် ကိုက်ဆယ်ဒို။
ဘင်ဖီကာအသင်းဟာ ကစားသမားရဲ့ ယူရို သန်း ၁၂၀ ဝန်းကျင် ပေးချေရမည့် အခကြေးငွေကို ဆိုင်းငံ့ထားတော့မည်လို့ သိသာ ထင်ရှားလာတဲ့ အခါမှာတော့ ချယ်လ်ဆီး အသင်းရဲ့ အာရုံစိုက်မှုဟာ ဘရိုက်တန် အသင်းရဲ့ ကွင်းလယ်လူ မွိုက်စ် ကိုက်ဆယ်ဒိုဆီ ပြောင်းလဲသွားခဲ့ပါတယ်။
အီကွေဒေါ ကွင်းလယ်လူ မွိုက်စ် ကိုက်ဆယ်ဒို ဟာ AmEx [ ဘရိုက်တန် အသင်း] မှ ထွက်ခွာဖို့ ခက်ခဲကြောင်း သက်သေပြခဲ့ပြီး၊ အထူးသဖြင့် အာဆင်နယ်နှင့်လည်း ချိတ်ဆက် မှုတွေ အများကြီး ရှိနေပါတယ်။
ရိုမန်နိုပြောထားတဲ့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့။
အခု ဇန်နဝါရီလ အစောပိုင်းက ကလပ်အပေါ် သူ့ရဲ့ သစ္စာစောင့်သိမှုကို အရင်က အရိပ်အမြွက် ဖော်ပြခဲ့ပြီးနောက် အန်းဇိုဟာ ဘင်ဖီကာ အသင်း ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဂရေဟမ် ပေါ်တာရဲ့ ချယ်လ်ဆီးအသင်းဟာ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ် ယူဖို့ ယူရို သန်း ၁၂၀ တန် ကမ်းလှမ်းမှုနဲ့ အတူ ပေါ်တူဂီ ကလပ်အသင်းထံ ချဉ်းကပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ရိုမန်နို က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာဖလား ချန်ပီယံဆုရှင် အန်ဇို ဖာနန်ဒက်ဇ်။
“ချဲလ်ဆီးအသင်းအနေနဲ့ တနင်္လာနေ့မှာ အန်းဇို ဖာနန်ဒက်ဇ် အတွက် ဆွေးနွေးမှု အသစ် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါကို ပြီးမြောက်ဖို့ အပြည့်အဝ အာရုံစိုက်ထားပြီး ကစားသမား ဘက်မှ ပြဿနာ ဖြစ်မှာ မဟုတ်ဘူး။”
” လန်ဒန် အသင်း ပိုင်ရှင် Todd Boehly၊ Behdad Eghbali နဲ့ ဘုတ်အဖွဲ့တွေ ရှိပါတယ် – ချဲလ်ဆီး ဟာ Rui Costa အပေါ်မှာ မူတည်ပြီး ယူရို သန်း ၁၂၀ ပေးချေရလိမ့်မယ်။ ” လို့ ရိုမန်နိုက တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ချဲလ်ဆီးအတွက် EnzoFernandez [ အန်ဇို ဖာနန်ဒက်ဇ် ] က တကယ် ဖြစ်လာမှာလား။
ကစားသမားကို စာချုပ်ချုပ်ဖို့ လွယ်လွယ်ကူကူ လုပ်သင့်တာတော့ မဟုတ်ပါဘူး။ ချဲလ်ဆီးအနေနဲ့ ဘင်ဖီကာကို ပြောင်းရွှေ့ကြေး တစ်လုံးတစ်ခဲတည်း ပေးချေဖို့ အဆင်သင့် မဖြစ်ရင်တော့ သူတို့ရဲ့ ဘဏ္ဍာရေး နည်းဗျူဟာအရ ဖြစ်နိုင်ဖွယ်မရှိသည့်အရာ –
ပေါ်တူဂီလိဂ်ခေါင်းဆောင်တွေရဲ့ ဥက္ကဋ္ဌ ရွိုင် ကော်စတာက အဆိုပါ ချဉ်းကပ်မှုကို ငြင်းပယ်ဖို့ အခွင့်အရေး ရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေးချေမှုတွေရဲ့ ဖွဲ့စည်းပုံနှင့် အလားအလာ ရှိတဲ့ အပိုဆုကြေးတွေဟာ အဓိကကျမှာ ဖြစ်ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်ကို ယူရို သန်း ၁၂၀ နဲ့ ခေါ်ယူဖို့ ပြင်နေတဲ့ ချဲလ်ဆီး။
ချဲလ်ဆီးအသင်းသည် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ တက်ကြွစွာ ပါဝင်နေပြီး သူတို့ရဲ့ နောက်ဆုံးခေါ် ယူထားတဲ့ ကစားသမားကတော့ လိုင်ယွန် ကနေ ယူရို ၃၅ သန်းနဲ့ ရောက်ရှိလာတဲ့ မာလို ဂူစတို ပဲ ဖြစ်ပါတယ်။
တကယ်လို့ အပြောင်းအရွှေ့ ဈေးကွက်မကုန်ခင်မှာ EnzoFernandez [ အန်ဇို ဖာနန်ဒက်ဇ် ] ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျ အသင်းဆီ ယူရို သန်း ၁၂၀ နဲ့ ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ ကလပ်အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံး အပြောင်းအရွှေ့ဖြစ်လာမှာပါ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။