နိုင်ငံတကာအသင်း ဖီဖာအဆင့်သတ်မှတ်ချက်အသစ် ၂၀၂၅

စပိန်အသင်း ထိပ်ဆုံးနေရာရယူ၊ ဘရာဇီးကို ကျော်တက်လာတဲ့ ပေါ်တူဂီ စက်တင်ဘာလ FIFA Date အပြီး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြာသပတေးနေ့မှာ နိုင်ငံအသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်ကို အသစ်ထုတ်ပြန်ခဲ့ပါတယ်။ အဆင့်သတ်မှတ်ချက် အပြောင်းအလဲများ အပြည့်အစုံ ခြေစစ်ပွဲမှာ ဘိုလီးဗီးယားကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး အဆုံးသတ်ခဲ့တာကြောင့် ဘရာဇီးအသင်းဟာ အဆင့် (၆) ကို ရောက်သွားခဲ့ပြီး ပေါ်တူဂီက အဆင့် (၅) နေရာကို ရယူသွားပါတယ်။ ဒီအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး ၃ သင်းနေရာမှာလည်း အသစ်ဖြစ်သွားပါတယ်။ လက်ရှိ ဥရောပချန်ပီယံ စပိန်အသင်းဟာ ဘူလ်ဂေးရီးယားကို ၃-၀၊ တူရကီကို ၆-၀ နဲ့ ဂိုးပြတ်အနိုင်ယူပြီး ၁၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာတာပါ။