Jobe Bellingham ကို ဒေါ့မွန်တို့ မျက်စိကျနေပြီ။
ဂျု့ဒ် ရဲ့ ညီ Jobe Bellingham [ ဂျိုဘီ ဘမ်လင်ဂမ် ] ကို ခေါ် ယူဖို့ စိတ်ဝင်းစားနေတဲ့ ဘိုရုရှား ဒေါ့မွန်။
Jobe Bellingham [ ဂျိုဘီ ဘမ်လင်ဂမ် ] ကို ခေါ် ယူဖို့ ဒေါ့မွန် အသင်းတို့က စိတ်ဝင်စားနေပြီး အခုလို ပြောင်းရွှေ့ခြင်းအားဖြင့် အစ်ကို ဖြစ်သူ ဂျု့ဒ် ဘယ်လင်ဂမ် ရဲ့ ခြေရာကို နင်းနိုင်မှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဖိုင်နယ်အဆင့် ကို ရောက်ရှိနေတဲ့ ဒေါ့မွန် အသင်းဟာ Jobe Bellingham [ ဂျိုဘီ ဘမ်လင်ဂမ် ] ကို ခေါ် ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ် လျက် ရှိနေပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဆန်းဒါးလန်း အသင်းအတွက် ဂျိုဘီ ဘယ်လင်ဂမ် ရဲ့ စွမ်းဆောင်ရည်။
ရီးယဲလ်မက်ဒရစ် ကြယ်ပွင့် Jude ရဲ့ ညီဖြစ်သူ Jobe Bellingham [ ဂျိုဘီ ဘမ်လင်ဂမ် ] ဟာ ငယ်ဘဝကလပ် ဘာမင်ဂမ် စီးတီး ကနေ Black Cats ( ဆန်းဒါးလန်း ) အသင်းကို အရမ်းနည်းတဲ့ ပြောင်းရွှေ့ကြေး တစ်ခု နဲ့ ပြီးခဲ့တဲ့ နွေရာသီ မှာ ပြောင်းရွှေ့ သွားခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ဆန်းဒါးလန်းမှာ အထင်ကြီးလောက် စရာ ပွဲဦးထွက် ရာသီမှာ ပုံစံကောင်း ရရှိခဲ့ပြီး ချန်ပီယံရှစ်မှာ ကွင်းလယ် ကစားသမား တစ်ယောက် အနေနဲ့ ၇ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။
သူ့မှာ တိုးတက်ဖို့ အလားအလာ အများကြီးရှိတာကြောင့် ဒေါ့မွန်က သူ့ကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေတယ် လို့ Football Insider ရဲ့ ဖော်ပြချက် အရ သိရပါတယ်။
ကွင်းလယ်လူ Jobe Bellingham [ ဂျိုဘီ ဘမ်လင်ဂမ် ] ကို ခေါ် ယူချင်နေတဲ့ အသင်းများ။
အစ်ကို ဖြစ်သူ ဂျု့ဒ် ဘယ်လင်ဂမ် ဟာ ၂၀၂၀ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါ အသင်းကို ရောက်ရှိလာခဲ့ပြီး ၃ နှစ် အကြာမှာ ရီးယဲလ်မက်ဒရစ် ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော် နဲ့ ရောက်ရှိလာခဲ့ပါတယ်။
ဒါကြောင့်မို့ Jobe Bellingham [ ဂျိုဘီ ဘမ်လင်ဂမ် ] အနေနဲ့ အစ်ကို ရဲ့ အဆင့် ကို မရောက်နိုင်ပေမယ့် ဒေါ့မွန်ကို ပြောင်းရွှေ့ ခြင်း နဲ့ ပတ်သက် လို့ သေချာပေါက် အလေးအနက် ထား စဥ်းစားရမယ့် အရာ တစ်ခု ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ် ကလပ် တွေ ဖြစ်တဲ့ နယူးကာဆယ် နဲ့ တော့တင်ဟမ် ဟော့ စပါးတို့ ကလည်း ဆန်းဒါးလန်း ရဲ့ ကြယ်ပွင့် ကစားသမား ကို စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ် လျက် ရှိနေပါတယ်။
ဖာဘရီဇီယို ရိုမန်နို ရဲ့ Jobe Bellingham [ ဂျိုဘီ ဘမ်လင်ဂမ် ] အကြောင်း ပြောဆိုချက်။
CaughtOffside နဲ့ စကားပြောရာမှာ အပြောင်းအရွှေ့ ကျွမ်းကျင်သူ Fabrizio Romano က အသက် ၁၈ နှစ် အရွယ် ကစားသမား ကို အဓိက စိတ်ဝင်စားကြောင်း အရင် ဖော်ဖြခဲ့ကြပါတယ်။
ရိုမန်နိုက “စောင့်ကြည့်ရမယ့် နောက်ထပ် နာမည် တစ်ခုကတော့ ဆန်းဒါးလန်း မှာ အထင်ကြီး လောက်စရာ ဖြစ်နေ တဲ့ မက်ဒရစ် ကြယ်ပွင့် ဂျု့ဒ် ဘယ်လင်ဂမ် ရဲ့ ညီလေး Jobe Bellingham ဖြစ်မှာပါ။ “
” ကျွန်တော် သူ့ကို အရမ်းသဘောကျပါတယ်။ ထူးချွန်တဲ့ အရည်အချင်း ရှိသူ လို့ ကျွန်တော် ကိုယ်တိုင် ကိုယ်ကျ ရှုမြင်ပါတယ်။ သူက လေးနက်ပြီး အလုပ် ကြိုးစားသူလည်း ဖြစ်ပါတယ်။ တချိန် သူ့ အနာဂတ် တောက်ပလာ မှာ သေချာပါတယ်။ “
“သူဟာ Jude နဲ့ ဆင်တူဖို့ ဆိုတာ လူတိုင်း အတွက် ခက်ခဲမှာပါ။ ဒါပေမယ့် Jobe က တကယ် ကို အရည်အချင်း ရှိပြီး ကစားပုံ ကောင်းပါတယ်။ သူ့ကို အနီးကပ် စောင့်ကြည့် နေကြ တယ် ဆိုတာကတော့ ထင်ရှားပြီးသားပါ။” လို့ ပြောဆိုထားပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။