ဘောလုံးလောက ပါရမီရှင်များ မွေးဖွားရာ ဖေဖေါ် ဝါရီလ ၅ ရက်
ယနေ့ ဖေဖော်ဝါရီ ၅ ရက်သည် လူအများအတွက် ပြက္ခဒိန်တွင် အခြားသော သာမန်ရက်စွဲများဟု ထင်ရသော်လည်း ယနေ့ခေတ်၏ အထင်ရှားဆုံး ဘောလုံးသမား
အချို့ကို မွေးထုတ်ပေးလိုက်ခြင်း ဖြစ်ပေသည်။
ကြယ်ပွင့်ကစားသမားအချို့သည် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ၎င်းတို့၏ မွေးနေ့ကို ကျင်းပကြပြီး ကြယ်ပွင့်များထွက်ပေါ် လာသည့် အချိန်အခါကို အထိမ်းအမှတ်
အဖြစ် ၎င်းတို့၏ စွမ်းဆောင်ရည်များနှင့် ခမ်းနားမှုအချို့ကို ကြည့်လိုက်ကြရအောင်။
✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸
👉အကောင့်ဖွင့်နည်း 👈
How to register in 1XBET?
၁။ ခရစ်စတီယာနို ရော်နယ်ဒို
ရော်နယ်ဒိုကို ဖခင် ဂျို့စ် ဒင်နိစ် အာဗဲရိုး နှင့် မိခင် မာရိယာ ဒိုလာရက်စ် ဒေါ့စ် ဆန်းတို့စ် ဗီဗဲရိုး ဒါ အာဗဲရိုး တို့မှ ဖေဖော်ဝါရီလ 5 ရက်နေ့ 1985 တွင် ပေါ်တူဂီနိုင်ငံ
မာဒဲရားဒေသတွင် မွေးဖွားခဲ့သည်။ သူသည် ဟူဂို၊ အယ်လ်မာ နှင့် လီလီယာနာ ပြီးနောက် မိသားစုတွင် စတုတ္ထမြောက် နှင့် အငယ်ဆုံးသားဖြစ်သည်။ အမည်အရင်းမှာ
ခရစ်စတီယာနို ရော်နယ်ဒို ဒေါ့စ် ဆန်းတို့စ် အာဗဲရိုး ဖြစ်ပါသည်။
ပေါ်တူဂီ တိုက်စစ်မှူးသည် သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းအသင်းနှင့် စတင်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲကစားပြီး ၅ ဂိုးသွင်း
ကာ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ခဲ့ပါသည်။ ရော်နယ်ဒိုသည် စပို့တင်းလစ္စဘွန်းအသင်းနှင့်အတူ ပေါ်တူဂီစူပါဖလား ၁ ကြိမ် ဆွတ်ခူပေးနိုင်ခဲ့သည်။
တစ်နှစ်အကြာတွင် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဘဝသစ်အတွက် ခြေလှမ်းတစ်လှမ်း စတင်ခဲ့ပါသည်။ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲ
စုံ ၂၉၃ ပွဲကစားပြီး ၁၁၈ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၇၆ ကြိမ် ပြုလုပ်ခဲ့ပါသည်။ ရော်နယ်ဒိုသည် ယူနိုက်တက်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ပရီးမီးယား
လိဂ် ၃ ကြိမ်၊ ကမ္ဘာ့ ကလပ် ဖလား ၁ ကြိမ်၊ FA ဖလား ၁ ကြိမ်၊ EFL လိဂ်ဖလား ၂ ကြိမ် နှင့် ကွန်မြူနတီဒိုင်း ၂ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါသည်။
ယူနိုက်တက်အသင်းနှင့် ဘောလုံးရာသီ ( ၂၀၀၃ – ၂၀၀၉ ) ၆ ရာသီကြာပြီးနောက် စပိန်လာလီဂါမှ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ သွားခဲ့သည်။ ရော်နယ်ဒို
သည် ရီယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၃၈ ပွဲကစားပြီး ၄၅၀ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၃၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်း၏ သမိုင်း
တလျှောက် ဂိုးသွင်းအများဆုံးသူအဖြစ် စံချိန်တင်ထားသည်။ တိုက်စစ်မှုးသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါ ၂ ကြိမ်၊
ကမ္ဘာ့ ကလပ် ဖလား ၃ ကြိမ်၊ ဥရောပ စူပါဖလား ၃ ကြိမ်၊ စပိန်ဘုရင့်ဖလား ၂ ကြိမ်နှင့် စပိန်စူပါဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းတွင် ဘောလုံးရာသီ ( ၂၀၀၉ – ၂၀၁၈ ) ၉ ရာသီကစားခဲ့ပြီးနောက် အီတလီ စီးရီးအေကလပ် ဂျူပင်တပ်စ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့
ပါသည်။ ရော်နယ်ဒိုသည် အီတလီကလပ်အတွက် ပြိုင်ပွဲစုံ ၁၃၅ ပွဲကစားပေးခဲ့ပြီး ၁၀၁ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၂၆ ကြိမ် ပြုလုပ်ပေးခဲ့ပါသည်။ ၎င်းသည်
ဂျူပင်တပ်စ်အသင်းနှင့်အတူ အီတလီစီးရီးအေဖလား ၂ ကြိမ်၊ အီတလီ ပြည်တွင်းဖလား ၁ ကြိမ်နှင့် အီတလီစူပါဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။
ရော်နယ်ဒိုသည် ဂျူပင်တပ်စ်အသင်းတွင် ဘောလုံးရာသီ ( ၂၀၁၈ – ၂၀၂၁ ) ၃ ရာသီကြာ ကစားခဲ့ပြီးနောက် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို ပြန်လာခဲ့
သည်။ လက်ရှိတွင် တိုက်စစ်မှူးသည် ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲတွင် ၁၄ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပါသည်။
ခရစ်စတီယာနို ရော်နယ်ဒိုသည် ပေါ်တူဂီအသင်းနှင့်အတူ ယူရို ဖလား ၁ ကြိမ်၊ ဥရောပနေးရှင်းလိဂ် ၁ ကြိမ်တို့ကိုဆွတ်ခူးနိုင်ခဲ့ပြီး BALLON D’OR ၅ ကြိမ် ဆွတ်ခူနိုင်ခဲ့
ပါသည်။ ၎င်းအပြင် သူသည် ကစားသမားဘဝ လက်ရှိအချိန်အထိ ၈၀၁ ဂိုးသွင်းယူထားခဲ့ပြီး ဘောလုံးလောက၏ ဂိုးသွင်းအများဆုံးအဖြစ် မှတ်တမ်းတင်ထားသည်။
ယခုအခါ ခရစ်စတီယာနို ရော်နယ်ဒိုသည် အသက် ၃၇ နှစ်အရွယ်ရှိနေပါပြီ။
၂။ နေမာ ဂျူနီယာ
နေမာကို ဖခင် ဘရာဇီးလ်ဘောလုံးကစားသမားဟောင်း နေမာ ဆန်းတို့စ် ဆာ နှင့် မိခင် နာဒိုင်း ဆန်းတို့စ်တို့မှ ဖေဖော်ဝါရီလ 5 ရက်နေ့ 1992 တွင် ဘရာဇီးလ်နိုင်ငံ၊
ဆော်ပိုလို ပြည်နယ်၊ မိုဂီ ဒါ့စ် ခရူးဇက်စ်မြို့တွင် မွေးဖွားခဲ့ပါသည်။ အမည်အရင်းမှာ နေမာ ဒ ဆေးလ်ဗား ဆန်းတို့စ် ဂျူနီယာ ဖြစ်ပါသည်။
နေမာသည် သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၉ ခုနှစ်တွင် ဆန်းတို့စ်အသင်းနှင့်စတင်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၃၅ တွင် ၇၀ ဂိုးသွင်းယူပေးထား
ပြီး ၄၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါသည်။ တောင်ပံတိုက်စစ်ကစားသမားသည် ဆန်းတို့စ်အသင်းနှင့်အတူ ကိုပါ လီဘာတာဒိုးရက်စ်ဖလား ၁ ကြိမ်၊ ရီကိုပါ
ဆက်ဒ်အမေရီကန်နာဖလား ၁ ကြိမ် နှင့် ဘရာဇီးလ်ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့သည်။
ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမားသည် ဆန်းတို့စ်အသင်းတွင် ဘောလုံးရာသီ ( ၂၀၀၉ – ၂၀၁၃ ) ၄ ရာသီကြာ ကစားခဲ့ပြီးနောက် စပိန်လာလီဂါမှ ဘာစီလိုနာ
အသင်းကို ပြောင်းရွှေ့သွားခဲ့သည်။ နေမာသည် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၁၈၇ ပွဲတွင် ၁၀၅ ဂိုးသွင်းခဲ့ပြီး ၉၀ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါသည်။ ၎င်း
သည် အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ လာလီဂါ ၂ ကြိမ်၊ ကမ္ဘာ့ ကလပ် ဖလား ၁ ကြိမ်၊ ဥရောပ စူပါဖလား ၁ ကြိမ်၊ စပိန်ဘုရင့်ဖလား ၃ ကြိမ်နှင့် စပိန်စူပါ
ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့သည်။
နေမာသည် ဘာစီလိုနာအသင်းတွင် ဘောလုံးရာသီ ( ၂၀၁၃ – ၂၀၁၇ ) ၄ ရာသီကြာ ကစားခဲ့ပြီးနောက် ပြင်သစ်လီဂူးမှ ပဲရစ်စိန့်ဂျာမိန်းအသင်းကို စံချိန်တင် ပြောင်းရွှေ့
ကြေး ပေါင်သန်း ၂၀၀ ကျော်ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ ဘရာဇီလ်သားသည် PSG အသင်းအတွက် ပြိုင်ပွဲစုံ ၁၃၀ တွင် ၉၀ ဂိုးသွင်းယူထားပြီး ၇၁ ကြိမ် ဂိုးဖန်တီးမှု
ပြုလုပ်ထားပါသည်။ နေမာသည် PSG အသင်းနှင့်အတူ ပြင်သစ်လီဂူး ၃ ကြိမ်၊ ပြင်သစ်ပြည်တွင်းဖလား ၃ ကြိမ်၊ ပြင်သစ်ပြည်တွင်းလိဂ် ၂ ကြိမ်နှင့် ပြင်သစ်စူပါ
ဖလား ၃ ကြိမ်တို့ကို ဆွတ်ခူးထားပါသည်။
နေမာဂျူနီယာသည် ဘရာဇီးလ်အသင်းနှင့်အတူ ကွန်ဖီဒရေးရှင်းဖလား ၁ ကြိမ်၊ U-20 တောင်အမေရိက ချန်ပီယံရှစ် ဖလား ၁ ကြိမ်နှင့် အိုလံပစ်ရွှေ ၁ ကြိမ်တို့ကို
ရယူထားပါသည်။
အခု ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် သူရဲ့ အသက် ၃၀ ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ၃၀ ကြိမ်မြောက် မွေးနေ့ကို သူ့မိသားစုနှင့်အတူ ကျင်းပခဲ့ပြီး သူ့ရဲ့သားလေးနှင့်
အမှတ်တရပုံကို အင်စတာဂရမ်တွင် ဖော်ပြ မှတ်တမ်းတင်ခဲ့သည်။ နေမာသည် Batman ဇာတ်ကောင်ကို ကြိုက်နှစ်သက်သူဖြစ်သောကြောင့် Batman မင်းသား
ရောဘတ်ပတ်တင်ဆန်ထံမှ မွေးနေ့ လက်ဆောင်နှင့် ဆုတောင်းများ ရရှိခဲ့ကြောင်း သိရှိရပါသည်။
အခုဖော်ပြပါ ပါရမီရှင်နှစ်ဦးအပြင် ဖေဖေါ် ဝါရီ ၅ ရက်တွင် မွေးဖွားခဲ့သော နောက်ထပ် ထိပ်တန်းကစားများလည်း ရှိပါသေးသည်။ အာဂျင်တီးနား ဂန္တဝင်
ကစားသမား ကားလို့စ်တီးဗက်စ် နှင့် ဘယ်လ်ဂျီယံတောင်ပံကစားသမား ဂျာနူဇက်တို့သည်လည်း ဖေဖေါ် ဝါရီ ၅ ရက်တွင် မွေးဖွားခဲ့သော ထိပ်တန်းကစားများ
ဖြစ်ပါသည်။