Ilkay Gundogan နဲ့ ဘာစီလိုနာ အပြောင်းအရွှေ့။

မန် စီးတီး ကွင်းလယ်လူ Ilkay Gundogan [ အယ်လ်ကိုက် ဂမ်ဒိုဂန် ] နဲ့ ဘာစီလိုနာ အပြောင်းအရွှေ့။
Ilkay Gundogan [ အယ်လ်ကိုက် ဂမ်ဒိုဂန် ] ကို မန်ချက်စတာ စီးတီး အသင်းဆီကနေ ခေါ် ယူနိုင်ဖို့ ဘာစီလိုနာ အသင်း အနေနဲ့ လုပ်ငန်း ဆောင်တာတွေကို သေချာသလောက် လက်တွေ့ကျကျ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ မန်ချက်စတာ စီးတီး အသင်းခေါင်းဆောင် Ilkay Gundogan [ အယ်လ်ကိုက် ဂမ်ဒိုဂန် ] ကို နွေရာသီ အပြောင်းအရွှေ့ မှာ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဂွာဒီယိုလာ ရဲ့ ပထမဆုံး မန် စီးတီး ကစားသမာ ခေါ် ယူမှု ဖြစ်ခဲ့တဲ့ Ilkay Gundogan [ အယ်လ်ကိုက် ဂမ်ဒိုဂန် ]။
ဂျာမန် လက်ရွေးစင် ကွင်းလယ် ကစားသမားဟာ ရာသီကုန်တွင် စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ငါးရာသီ အတွင်း ပရီးမီးယားလိဂ်ဖလား လေးကြိမ် ရယူပေးထားသည့်အသင်း နဲ့ သူ့ရဲ့ ခုနစ်နှစ်ကြာ လက်တွဲမှုကို အဆုံးသတ်ဖို့ စီစဥ်နေတာပါ။
ကွင်းလယ်လူ Ilkay Gundogan [ အယ်လ်ကိုက် ဂမ်ဒိုဂန် ] ဟာ 2016 ခုနှစ် ဇွန်လတွင် ဒေါ့မွန်အသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၂၇ သန်း နဲ့ မန် စီးတီး နည်းပြအဖြစ် ပက်ဂွာဒီယိုလာ ရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးအသင်းနဲ့ ပရီးမီယားလိဂ် ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ဂန်ဒိုဂန်။
ဘာစီလိုနာ အခြေစိုက် အားကစား မီဒီယာ SPORT ရဲ့ ဖော်ပြချက်အရ အယ်လ်ကိုက် ဂန်ဒိုဂန် ဟာ ဘာစီလိုနာ အသင်းဆီ ကနဦး နှစ်နှစ် စာချုပ် နဲ့ ပြောင်းရွှေ့သွားမှာ ဖြစ်ပြီး နောက်ထပ် တစ်နှစ် ထပ်မံ ရွေးချယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ဘာစီလိုနာမှာ တစ်ရာသီ လုပ်ခလစာ ယူရို ၁၂ သန်း ရရှိမယ့် Gundogan [ အယ်လ်ကိုက် ဂမ်ဒိုဂန် ]။
အသက် ၃၂ နှစ် အရွယ်ရှိ အဆိုပါ ကွင်းလယ် ကစားသမားဟာ ကတ်တလန်ကလပ် [ ဘာစီလိုနာ ] အသင်း မှာ တစ်ရာသီကို ယူရို ၁၂ သန်း ရရှိမှာ ဖြစ်ပြီး လက်ရှိမှာ သုံးနှစ်အတွင်း သူတို့ရဲ့ ပထမဆုံး လာလီဂါ ချန်ပီယံဆုကို ရယူနိုင်မှာလည်း ဖြစ်ပါတယ်။
အရည်အသွေး ပြည့်မီပြီး အလွတ် ပြောင်းရွှေ့ကြေး နဲ့ ကစားသမား ခေါ်ယူမှုတွေဟာ အခု ရာသီ မကုန်ခင် Camo Nou မှာ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်း အများအပြားကို ဖွဲ့စည်းထားနိုင်စေပါတယ်။

မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၅၄ ဂိုး သွင်းယူထားတဲ့ ဂန်ဒိုဂန်။
ဘာကာတို့ အနေနဲ့ သူတို့ရဲ့ ကာလရှည်ကြာ ငွေကြေး ပြဿနာများကြောင့် အခက်ကြုံနေရဆဲ ဖြစ်ပြီး သူတို့ဟာ Gavi နဲ့ Ronald Araujo တို့ကို ပထမအသင်း ကစားသမား အဖြစ် စာရင်းသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
ဂျာမန်သား Ilkay Gundogan [ ဂမ်ဒိုဂန် ] ဟာ မန် စီးတီ မှာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ဖြစ် ခဲ့ပါတယ်။
ဂန်ဒိုဂန်ဟာ ဂွာဒီယိုလာ လက်ထက်မှာ မန် စီးတီး ရဲ့ ယုံကြည်ရဆုံး စွမ်းဆောင်ရှင်တွေထဲက တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ခုနစ် ရာသီ အတွင်း Etihad Stadium မှာ ခြောက်ရာသီအတွင်း အနည်းဆုံး ပရီးမီးယားလိဂ် ၂၇ ပွဲ နဲ့ ပြိုင်ပွဲစုံ ၂၉၃ ပွဲ ပါဝင် ကစားခဲ့ပါတယ်။
box-to-box ပုံစံ နဲ့ မြန်ဆန် သွက်လက်ပြီး အားကိုးရတဲ့ ပင်နယ်တီ ကန်သွင်းသူ ဂန်ဒိုဂန် ဟာ 2020/21 ရာသီမှာ ကစားသမား ဘဝ အမြင့်ဆုံး ၁၇ ဂိုး အပါအဝင် မန် စီးတီး အတွက် ၅၄ ဂိုး သွင်းယူထားပါတယ်။

အက်စတွန်ဗီလာဘက်ကို အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ဂန်ဒိုဂန်။
ဒါပေမယ့် အသင်းအတွက် သူ့ရဲ့ အရေးပါဆုံး ပံ့ပိုးကူညီမှုက ပြီးခဲ့တဲ့ ရာသီနောက်ဆုံးနေ့မှာ ရောက်ရှိလာခဲ့တာ သေချာပါတယ်- မန်စီးတီးက အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ၂-၀ ဂိုး နဲ့ ရှုံးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။
၁၅ မိနစ် မပြည့်ခင်မှာပဲ ဂန်ဒိုဂန် အရန်ခုံပေါ်က ဆင်းလာခဲ့ပြီး ၂ ဂိုး သွင်းယူကာ အက်စတွန်ဗီလာကို ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂ ကြိမ် ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။