Nico Williams ကို ပစ်မှတ်ထားနေတဲ့ အက်စတွန် ဗီလာ။
စပိန်ကြယ်ပွင့် Nico Williams [ နီကို ဝီလီယမ်စ် ] ကို ပစ်မှတ်ထားနေတဲ့ အက်စတွန် ဗီလာအသင်း။
Nico Williams [ နီကို ဝီလီယမ်စ် ] ကို ခေါ် ယူဖို့ အက်စတွန် ဗီလာတို့ ပစ်မှတ်ထားနေပြီး ယူနိုက်တက် ကြယ်ပွင့် ဆန်ချိုကို စိတ်ဝင်စားမှုကိုလည်း ဖော်ပြခဲ့ပါတယ်။
အက်စတွန် ဗီလာအသင်းဟာ အခု နွေရာသီမှာ ကြယ်ပွင့် တောင်ပံ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး တစ်ခုတည်းသော မေးခွန်းမှာ ဘယ်တစ်ယောက် ကို ခေါ် မလဲ ဆိုတာပါပဲ။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အသင်းမှာ ခြေစွမ်းကျဆင်းနေတဲ့ ဂျေဒန် ဆန်ချို။
အင်္ဂါနေ့တုန်းက အက်စတွန် ဗီလာအသင်းဟာ စွမ်းဆောင်ရည် နိမ့်ကျနေတဲ့ မန် ယူနိုက်တက် ကြယ်ပွင့် Jadon Sancho ကို စိတ်ဝင်စားနေကြောင်း သီးသန့် ဖော်ပြ ခဲ့ပါတယ်။
အင်္ဂလန် လက်ရွေးစင် ကစားသမား ဟာ ဒေါ့မွန် အသင်း ကနေ ယူရို ၈၅ သန်း နဲ့ ပြောင်းရွှေ့လာပြီးနောက် အိုးလ်ထရက်ဖို့ဒ် မှာ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ နှစ်ရာသီကို ရုန်းကန်နေခဲ့ရပါတယ်။
မန်ချက်စတာ စီးတီး အသင်း ကို ရှုံးနိမ့်ခဲ့တဲ့ FA Cup ဖိုင်နယ်မှာ သူ့ရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုက လက်ရှိ နည်းပြ Erik Ten Hag အတွက် နောက်ဆုံး ဆုံးရှုံးမှု တစ်ခုပါပဲ။
ဗီလာအလိုရှိ စာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ Nico Williams [ နီကို ဝီလီယမ်စ် ]။
အခု Sancho ကို မှန်ကန်သော စျေးနှုန်း နဲ့ ရနိုင်ပေမယ့် သတင်း ရင်းမြစ်တွေအရ အဲ့ဒီ စျေးနှုန်းမှာ ယူရို သန်း ၆၀ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဗီလာကို တံဆိပ်မခတ်နိုင်တဲ့ သဘောတူညီချက် တစ်ခု ဖြစ်နိုင်တယ်။
Sancho သည် တစ်ခုတည်းသော ရွေးချယ်ခွင့် မဟုတ်သော်လည်း ယခုအခါ စပိန်မှ သတင်းများအရ အူနိုင်းအမ်မရီ ရဲ့ အပြောင်းအရွှေ့ စာရင်း ထိပ်ဆုံးမှာ အခြားလူတစ်ဦး ရှိနေပါတယ်။
သူကတော့ Athletic Bilbao အသင်းရဲ့ တောင်ပံ ကစားသမား Nico Williams [ နီကို ဝီလီယမ်စ် ] ပါ။ သူဟာ San Mames မှာ 2024 ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားပြီး စာချုပ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိပါတယ်။
ဒါပေမယ့် အသက် ၂၀ အရွယ် Nico Williams [ နီကို ဝီလီယမ်စ် ] ဟာ သူ့ရဲ့ ကစားသမားဘ၀ကို ရှေ့ဆက်ဖို့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်တယ်လို့ Marca ရဲ့ နေ့စဉ်သတင်းတွေအရ သိရပါတယ်။
တောင်ပံတိုက်စစ် Nico Williams [ နီကို ဝီလီယမ်စ် ] ရဲ့ ခန့်မှန်း တန်ကြေး။
Williams ရဲ့ စာချုပ်မှာ ယူရိုသန်း ၅၀ တန် ထွက်ခွာခွင့် သဘောတူညီချက် ပါရှိပြီး ဗီလာ အသင်းဘက်က သူတို့ရဲ့ နံပါတ်တစ် နွေရာသီ ပစ်မှတ်အတွက် ဒါကို စ,တင် လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း သတင်းစာက ဖော်ပြခဲ့ပါတယ်။
သူဟာ 2022-23 ရာသီ လာလီဂါမှာ ၃၆ ပွဲ ကစားခဲ့ပြီး ၆ ဂိုးသွင်းယူကာ ၄ ဂိုး ဖန်တီးပေးထားပြီး ကစားသမား ရဲ့ ခန့်မှန်း ပြောင်းရွှေ့ကြေး အနေနဲ့ တန်ကြေးကတော့ ယူရို ၂၅ သန်း ဝန်းကျင်သာ ရှိပါတယ်။
ယခုနှစ် နွေရာသီ အစောပိုင်းတုန်းက အက်စတွန် ဗီလာ အသင်းဟာ ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ မာကို အဆန်စီယို ပုံစံမျိုး အခြား နာမည်ကြီး ကစားသမား တစ်ဦးကို လိုက်ရှာ နေခဲ့ပါတယ်။
ဒါပေမယ့်လည်း စပိန်သား မာကို အဆန်စီယိုကို ပြင်သစ်လီဂူး ၁ ချန်ပီယံ ကလပ် PSG အသင်းက အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
အမ်မရီ ရဲ့ အသင်းဟာ အခု နွေရာသီမှာ လက်စတာ စီးတီး ကွင်းလယ်လူဟောင်း Youri Tielemans ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူပြီး အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းအသင်း တစ်သင်းကို တည်ဆောက်ချင်နေတာပါ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။