Carlos Soler ကို မျက်စိကျနေတဲ့ အက်စတွန် ဗီလာ။

PSG ကွင်းလယ်လူ Carlos Soler [ ကားလို့စ် ဆိုလာ ] ကို မျက်စိကျနေတဲ့ အက်စတွန် ဗီလာ။
Carlos Soler [ ကားလို့စ် ဆိုလာ ] ကို သူတို့ရဲ့ ပထမဆုံး နွေရာသီ ခေါ် ယူမှု အဖြစ် အက်စတွန် ဗီလာ တို့ ပြင်ဆင်နေတယ်လို့ ပြင်သစ် မီဒီယာ တွေ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
နည်းပြ အုနိုင်း အမ်မရီဟာ ၁၉၉၁/၉၂ မှာ ပြိုင်ပွဲကို နာမည်း ပြောင်းပြီးနောက်ပိုင်း ဗီလာ အသင်းကို ချန်ပီယံလိဂ်ဆီ ပထမဆုံး အကြိမ်အဖြစ် ဦးဆောင်ခဲ့ပြီး ဘာမင်ဂမ် မြိုခံ အသင်းဟ ၁၉၈၂/၈၃ မှာ ချန်ပီယံလိဂ် ဖလားကို နောက်ဆုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
နှစ်တွေ အတော်ကြာပြီးမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တဲ့ အက်စတွန် ဗီလာ။
အင်္ဂါနေ့ညနေက တော့တင်ဟမ် ဟော့ စပါး က မန် စီးတီးကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အက်စတွန်ဗီလာရဲ့ ဝင်ခွင့် တစ်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ မှာ နည်းပြ စတီဗင် ဂျရတ် နေရာကို အစားထိုးပြီး ကတည်းက ဒါဟာ အမ်မရီ နဲ့ သူ့ ရဲ့ အသင်း လုပ်ဆောင်ခဲ့တဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှု အတွက် ထိုက်တန်တဲ့ ဆုလာဘ် တစ်ခု ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဗီလာ ရဲ့ ယူရို သန်း ၅၀ ဘဏ္ဍာငွေများ ပါဝင်နေပြီး အမ်မရီ နဲ့ အားကစား ဒါရိုက်တာ မွန်ချီ တို့ဟာ အခု နွေရာသီ မှာ ခေါ် ယူဖို့ ရည်မှန်းချက်ကြီးတဲ့ ချဉ်းကပ်မှုကို ဆက်လက် လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။
အက်စတွန် ဗီလာ နဲ့ Carlos Soler [ ကားလို့စ် ဆိုလာ ] ရဲ့ အပြောင်းအရွှေ့ အခြေအနေ။
အပြောင်းအရွှေ့ စာရင်းထဲ ပထမဆုံး ရောက်လာသူကတော့ PSG ရဲ့ စပိန် လက်ရွေးစင် ကွင်းလယ် ကစားသမား Carlos Soler [ ကားလို့စ် ဆိုလာ ] ပဲ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ဗလင်စီယာ အသင်း ကနေ ပြောင်းရွှေ့လာခဲ့တဲ့ စပိန်သား Carlos Soler [ ကားလို့စ် ဆိုလာ ] ဟာ ပဲရစ် အသင်းအတွက် ပွဲထွက်ခွင့်တွေ နဲ့ ပတ်သက် လို့ ထင်သလောက် အများကြီး ရရှိထားပုံ မပေါ်ပါဘူး။
မယုံနိုင်လောက်အောင် စွယ်စုံရ ကစားသမားတစ်ဦး ဖြစ်တဲ့ Carlos Soler [ ကားလို့စ် ဆိုလာ ] ဟာ ကွင်းအတွင်း နေရာတိုင်း လိုလို မှာ ပွဲစဥ် အခြေအနေအရ ပြောင်းလဲ ကစားနိုင်သူ ဖြစ်ပါတယ်။
ပြင်သစ် ထိပ်တန်း မီဒီယာ L’Equipe ရဲ့ အဆိုအရ အဆိုအရ ဗီလာ နဲ့ Carlos Soler [ ကားလို့စ် ဆိုလာ ] အကြား ဆွေးနွေးမှုဟာ လအတော်ကြာ ရှိနေပြီး ညှိနှိုင်းမှုများဟာ အခုအခါ အတော်လေး တိုးတက်လာပြီ ဖြစ်ပါတယ်။
ဗီလာ တို့ Carlos Soler [ ကားလို့စ် ဆိုလာ ] ကို ခေါ် ယူနိုင်ဖို့ ပထမဆုံး ရောင်းချမှုကို အတည်ပြု။
နွေရာသီ ရဲ့ ပထမဆုံး ရောင်းချမှုကိုလည်း အတည်ပြုထားပါတယ်။ ပြင်သစ်သား မော်ဂန် ဆန်ဆွန် ဟာ OGC Nice အသင်းမှာ အထင်ကြီး လောက်စရာ ဖြစ်ပြီးနောက် အသင်းက သူ့ ရဲ့ အငှားပြောင်းရွှေ့မှုကို အမြဲတမ်း အဖြစ် ပြုလုပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ဗီလာပါ့ခ်မှာ Sanson ရဲ့ မပျော်မရွှင် ဖြစ်မှုမှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် စတီဗင်ဂျရတ်လက်ထက်မှာ ပွဲထွက်ခွင့်တွေ နည်းပါးခဲ့ပါတယ်။ အမ်မရီကတော့ သူ့ကို အသင်းမှာ ထားချင်ပေမယ့် ပြီးခဲ့တဲ့ နွေရာသီက အသင်းကနေ ထွက်ချင်ကြောင်း ဝန်ခံခဲ့ပါတယ်။
ဆန်ဆွန် က “ဒါက နည်းနည်းတော့ မတရားဘူး။ ပြဿနာက အူနိုင်းအမ်မရီအစား စတီဗင်ဂျရတ် ရောက်လာတာဘဲ။ အူနိုင်း အမ်မရီ ရောက်လာ ချိန်မှာတော့ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ “
“ သူက ကျွန်တော့်ကို အသင်းမှာ ဆက်ထားချင်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် နဲ့ အက်စတွန် ဗီလာတို့ ပြီးသွားပြီလို့ ပြောခဲ့ပါတယ်။ တစ်ခုခုတော့ မှားခဲ့ပါတယ်။ ” လို့ ဖေဖော်ဝါရီလတုန်း က ပြောဆိုခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။