Viktor Gyokeres ကို ခေါ် ယူတော့မယ့် အာဆင်နယ်။

Viktor Gyokeres is wanted by Arsenal WS
December 8, 2023

ဘရိုက်တန် တိုက်စစ်မှူးဟောင်း Viktor Gyokeres [ ဂျူကဲရက်စ် ] ကို ခေါ် ယူတော့မယ့် အာဆင်နယ်။

Viktor Gyokeres [ ဗစ်ခ်တိုရ် ဂျူကဲရက်စ် ] ကို ပရီးမီးယားလိဂ် ဇယားထိပ်မှ အာဆင်နယ် အသင်းတို့ဟာ တိုက်စစ်မှူး နဲ့ အပြောင်းအရွှေ့ အတွက် ပြောင်းရွှေ့ကြေး အမြောက်အမြား သုံးစွဲရမှာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး Viktor Gyokeres [ ဗစ်ခ်တိုရ် ဂျူကဲရက်စ် ] ကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး အပြောင်းအရွှေ့ ဟာ အဓိပ္ပါယ်ရှိမှာ သေချာပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တိုက် စစ်မှူး တစ်ဦး အတွက် ဈေးကွက်မှာ ရှာဖွေနေတဲ့ အာဆင်နယ်။

ဂန်းနား တို့ဟာ လက်ရှိမှာ တိုက်စစ်မှူး တစ်ဦးအတွက် ဈေးကွက်ထဲ ရှိနေပြီး ဂါဘရီယယ် ဂျီးဆပ်စ်ကလည်း ပရီးမီးယားလိဂ်မှာ သွင်းဂိုး ရရှိဖို့ ရုန်းကန်နေရပြီး အယ်ဒီ နကတ်တီယာ ကလည်း မကြာခဏ ဆိုသလို ခြေစွမ်း စိတ်ပျက်စရာ ဖြစ်နေပါတယ်။

အရင်က  ဖော်ပြခဲ့တဲ့အတိုင်း အာဆင်နယ် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး အတွက် စွန့်လွှတ် အနစ်နာခံဖို့ ဆန္ဒ ရှိနေမှာ ဖြစ်ပါတယ်။

Viktor Gyokeres at Brighton

ဘရိုက်တန် တိုက်စစ်မှူးဟောင်း ဂျူကဲရက်စ်။

နည်းပြ မိုက်ကယ် အာတီတာ ရဲ့ အရင်က ဦးစားပေး ပစ်မှတ် ကစားသမား‌တွေ ကတော့ အိုင်ဗန် တိုနေး၊ ဘင်ဂျမင် ဆီစကို၊ ဗစ်တာ အိုစီမှင် နဲ့ ဒူဆန် ဗလာဟိုဗစ် တို့ပဲ ဖြစ်ပါတယ်။

စပို့တင်း တိုက်စစ်မှူး Viktor Gyokeres [ ဗစ်ခ်တိုရ် ဂျူကဲရက်စ် ] အတွက် ပြောင်းရွှေ့‌ကြေး။

နွေရာသီတုန်းက ဘရိုက်တန် တိုက်စစ်မှူး Evan Ferguson ဟာ  ၂၀၂၄ ခုနှစ် အတွက် ရွေးချယ်စရာ တစ်ခု ဖြစ်ခဲ့ပေမယ့် မကြာသေးခင် အချိန်များ အတွင်း တခြား နာမည် တစ်ခုက ကြားဖြတ် ဝင်ရောက်လာခဲ့ပါတယ်။

လက်ရှိ ဘရိုက်တန် ကစားသမားကနေ ကစားသမားဟောင်းဆီ စိတ်ဝင်စားမှု ပြောင်းရွှေ့သွားခဲ့ပြီး ဂန်းနား အသင်းဟာ Sporting CP ကြယ်ပွင့် Viktor Gyokeres အတွက် ရွေးချယ်မှု တစ်ခု အဖြစ် အမွှမ်းတင် ခံနေရပါတယ်။

Viktor Gyokeres transfer fee is high

ဂျူကဲရက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း ၁၀၀ ဖြစ်ပါတယ်။

ဆွီဒင်သားကို နွေရာသီမှာ Coventry အသင်းကနေ ခေါ်ယူခဲ့ပြီး ပေါ်တူဂီအသင်းနဲ့ စာချုပ် ဖြတ်သိမ်းကြေး ယူရို သန်း ၁၀၀ ဖြစ်ပြီး ယခု အချိန်အထိ ပြိုင်ပွဲ စုံ ၁၅ ဂိုးနှင့် ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

တိုက်စစ်မှူး Viktor Gyokeres [ ဗစ်ခ်တိုရ် ဂျူကဲရက်စ် ] ရဲ့ သဘောတူညီချက်က ဘာကြောင့် အဓိပ္ပာယ်ရှိတာလဲ?။

သူ့ကို မြောက်လန်ဒန် ကလပ် နဲ့ နယူးကာဆယ် တို့က စောင့်ကြည့်နေကြပြီး သူတို့ နှစ်သင်း စလုံးက ဘရိုက်တန် ကစားသမားဟောင်း ရဲ့ ကစားဟန် နဲ့ ပတ်သက်လို့ သဘောကျ နှစ်ခြိုက်နေကြပါတယ်။

အသက် ၁၉ နှစ်အရွယ် ဖာဂူဆန်က အသက် ၂၅ နှစ်အရွယ် Gyokeres ထက် ပိုပြီး အလားအလာ ရှိပေမယ့် SciSports ရဲ့ အဆိုအရ ဖာဂူဆန်ထက် ဂျူကဲရက်စ်က အသင်းနဲ့ ပိုပြီး အံဝင်ခွင်ချ ဖြစ်မယ်လို့ သိရပါတယ်။

Viktor Gyokeres Best-suited clubs

ဂျူကဲရက်စ်နဲ့ သင့်တော်တဲ့ အသင်းများ။

သူ့ရဲ့ အမြန်နှုန်းကတော့ သူ့ ရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှုတွေ ထဲက တစ်ခု ဖြစ်ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကြောင့် ချန်ပီယံရှစ် ကိုဗင်ထရီ မှာ အောင်မြင်ခဲ့တာဖြစ်ပြီး နောက်တကြိမ် သူ့ကို ပရီးမီးယားလိဂ် မှာ စံပြ တိုက်စစ်မှူး ဖြစ်လာစေမှာပါ။

SciSports မှ Career Advice tool ရဲ့ ဖော်ပြချက် အရ အသက် ၂၅ နှစ် အရွယ် ကစားသမား ဟာ Arsenal အသင်းမှာ ကလပ် နဲ့ အံဝင်ဂွင်ကျမှု အဆင့် သတ်မှတ်ချက် ၈၃ ရှိနေပါတယ်။

တိုက်စစ်မှူးနဲ့ အလိုက်ဖက်ဆုံး အဖြစ် အာဆင်နယ် ဟာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ် အသင်းတို့နဲ့ တူညီတဲ့ ရမှတ် ရှိနေပြီး မန်စီးတီး၊ PSG တို့ထက် ရမှတ် ပိုများနေတာကို တွေ့ရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment