Kai Havertz နဲ့ ဖာမီနိုတို့ရဲ့ ကစားပုံ တူညီ။

Kai Havertz reminds Neville of Roberto Firmino WS
May 14, 2024

ဖာမီနို ရဲ့ ပုံရိပ်ကို သတိရစေတဲ့ Kai Havertz [ ကိုင် ဟားဗတ်ဇ် ] ရဲ့ ကစားပုံ။

Kai Havertz [ ကိုင် ဟားဗတ်ဇ် ] ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၃၇ မှာ အကောင်းဆုံး ခြေစွမ်း ပြခဲ့ပြီးနောက် လီဗာပူးလ် ကစားသမားဟောင်း ဖာမီနို ကို သတိရစေတယ်လို့ ဂယ်ရီ နဗီးလ် က ဆိုပါတယ်။

အာဆင်နယ် အသင်းကို နွေရာသီမှာ ရောက်ရှိလာခဲ့ပြီးနောက် Kai Havertz [ ကိုင် ဟားဗတ်ဇ် ] ဟာ အသင်းသစ်မှာ ခြေစွမ်း တဟုန်ထိုး တက်လာခဲ့တာမျိုး မဟုတ်ခဲ့ပေမယ့် မီကယ် အာတေတာ ရဲ့ အသင်းမှာ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ဂန်းနားအသင်း ကစားပုံနဲ့ အံဝင်နေတဲ့ ကိုင် ဟားဗတ်ဇ်။

မကြာသေးမီ လများအတွင်း Kai Havertz [ ကိုင် ဟားဗတ်ဇ် ] ဟာ အကောင်းဆုံး ခြေစွမ်း ပြခဲ့ပြီး သီတင်းပတ်ကုန်မှာ ယူနိုက်တက် ကို အနိုင်ရခဲ့တဲ့ ဂန်းနားတို့ရဲ့ ပွဲထွက် ၁၁ ယောက် အသင်းမှာ ပါဝင် ကစားခဲ့ပါတယ်။

ကွင်းလယ် တိုက်စစ် ကစားသမားဟာ ချဲလ်ဆီး မှာတုန်းက နံပါတ် ၉ နေရာ ပုံမှန် ကစားခဲ့ရပေမယ့် အဲ့ နေရာက သူ့ အတွက် သိပ်ပြီး သက်တောင့်သက်သာ ဖြစ်ပုံ မပေါ် ခဲ့ပါဘူး။

Kai Havertz assisted 1 goal against Man United

ယူနိုက်တက်နဲ့ ပွဲမှာ ကိုင် ဟားဗတ်ဇ်က ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ခဲပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်မှာ သူအောင်မြင်နေပြီး ဒီနေရာ နဲ့ အံဝင်ဂွင်ကျဖြစ်အောင် ကစားနေပါတယ်။ သူ့ရဲ့ အရွယ်အစား နဲ့ နည်းစနစ်ပိုင်း စွမ်းရည် က အရာအားလုံး လုပ်နိုင် ပြီး အာတီတာ က သူ့ အသင်း ရဲ့ ကစားပုံနဲ့ ကိုက်ညီလို့ အတော်လေး အဆင်ပြေနေပါတယ်။

ဂန်းနား ကြယ်ပွင့် Kai Havertz [ ကိုင် ဟားဗတ်ဇ် ] ရဲ့ စွမ်းဆောင်ရည်။

ဂျာမန် လက်ရွေးစင်ဟာ အခုအချိန်အထိ  ပရီးမီးယားလိဂ်မှာ ၁၂ ဂိုးသွင်း၊ ၇ ဂိုး ဖန်တီးမှု ပြုလုပ်ထားပြီး ယူနိုက်တက် ဂန္ထဝင်ကစားသမား ဂယ်ရီ နဗီးလ်က ယူနိုက်တက် နဲ့ ပွဲအတွင်း စွမ်းဆောင်ရည်ကြောင့် ဟားဗတ်ဇ် ကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။

Sky Sports စီစဥ် တင်ဆက်သူ နဗီးလ် ဟာ Kai Havertz [ ကိုင် ဟားဗတ်ဇ် ] ကို အခု ဆော်ဒီအာရေးဗီးယား ရဲ့ Al-Ahli အသင်း အတွက် ကစားနေတဲ့ လီဗာပူး ဂန္တဝင် ရိုဘာတို ဖာမီနို နဲ့  နှိုင်းယှဉ်ခဲ့ပါတယ်။

Kai Havertz scored 12 goals for Arsenal

အာဆင်နယ်အသင်းအတွက် ၁၂ ဂိုး သွင်းယူထားတဲ့ ဟားဗတ်ဇ်။

ကိုင် ဟားဗတ်ဇ် ဟာ သမားရိုးကျ တိုက်စစ်မှူးထက် false 9 ကစားသမား တစ်ဦး အဖြစ် ပိုမိုကစားနေတဲ့ ဘရာဇီးလ်သား ဖာမီနို နဲ့ ကစားပုံ တူညီကြောင်း နဗီးလ်က ပြောဆိုခဲ့ပါတယ်။

ဂယ်ရီနဗီးလ် ရဲ့ Kai Havertz [ ကိုင် ဟားဗတ်ဇ် ] နဲ့ ပတ်သက်လို့ ပြောကြားချက်။

နဗီးလ်က “သူတို့ (အာဆင်နယ်) ဟာ ဟန်ချက်ညီမှု ကောင်းကောင်း ရခဲ့ပါတယ်။ ဟားဗတ်ဇ် ဟာ လီဗာပူး မှာ ဖာမီနို လုပ်ခဲ့တဲ့ ကစားပုံ နဲ့ အလားတူ ပါပဲ ။ ရှေ့တန်း နဲ့ နောက်တန်း ကစားတာကို သူက ဝင်ပြီး  ချိတ်ဆက်တယ်။ ”

“ သူက ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပေးနေတယ်၊ ဒါပေမယ့် သူက အသင်း ရဲ့ အထောက်အပံ့ တစ်ခု ဖြစ်နေတယ်။ သူဟာ အသင်းတစ်သင်းမှာ ပွဲအတွင်း လိုအပ်တာ မှန်သမျှကို လုပ်ဆောင်မှာပါ။ ”

Kai Havertz Roberto Firmino at Liverpool

လီဗာပူးလ် ကစားသမားဟောင်း ရိုဘတ်တို ဖာမီနို။

” ဒီရာသီရဲ့ အစိတ်အပိုင်း အတော်များများမှာ ဟာဗတ်ဇ် အပေါ် မေးခွန်းထုတ်စရာတွေ ရှိခဲ့ပေမယ့် တကယ် အရေးကြီးတဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဖာမီနိုဟာ လီဗာပူးအတွက် အံ့ဩစရာကောင်းတဲ့ ကစားသမား တစ်ယောက်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ်။

“ [ဆာဒီယို] မာနေး နဲ့ [ မိုဟာမက် ]  ဆာလာ တို့ဟာ ချီးကျုးမှုတွေ နဲ့ အဓိက credit တွေ ရခဲ့ဖူးပေမယ့် ကျွန်‌တော်ကတော့ ကွင်းလယ်ကို တိုက်စစ် နဲ့ ချိတ်ဆက် ကစားတဲ့ ဖာမီနိုကို ပဲ ညွှန်းဆိုလေ့ ရှိပါတယ်။ အခု ဟားဗတ်ဇ် ကလည်း အတူတူပါပဲ။ ” လို့ ပြောဆိုထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment