Ivan Toney နဲ့ အာဆင်နယ် အပြောင်းအရွှေ့။
ဘရန့်ဖို့ဒ် တိုက်စစ်မှူး Ivan Toney [ အိုင်ဗန် တိုနေး ] ကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်။
Ivan Toney [ အိုင်ဗန် တိုနေး ] ကို အာဆင်နယ် အသင်း အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွက် ထိပ်တန်း ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းတစ်ရပ် အရ သိရပါတယ်။
တိုက်စစ်မှူး Ivan Toney ဟာ 2023/24 ရာသီရဲ့ အစောပိုင်းမှာ Eddie Nketiah ရဲ့ အလားအလာရှိတဲ့ ပုံစံရှိနေပေမယ့် လက်ရှိ အာဆင်နယ် အသင်း နဲ့ ကြာရှည်စွာ ချိတ်ဆက်နေတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အိုက်ဗန်တိုနေးကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေက ခေါ် ယူချင်နေပါတယ်။
The Mirror ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေဟာ သူတို့ရဲ့ တိုက်စစ်မှူး Gabriel Jesus ကို ပံ့ပိုးဖို့ နောက်ထပ် ကစားသမား အဖြစ် ဘရန့်ဖို့ဒ် ကြယ်ပွင့် Ivan Toney [ အိုင်ဗန် တိုနေး ] ကို ဇန်နဝါရီ ဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။
သို့သော်လည်း ချဲလ်ဆီး၊ တော့တင်ဟမ် ဟော့ စပါ နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကလည်း ဘရန့်ဖို့ဒ် တိုက်စစ်မှူး Ivan Toney [ အိုင်ဗန် တိုနေး ] ကို ခေါ် ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ပရီးမီးယားလိဂ် အသင်းတွေက Bees [ ဘရန့်ဖို့ဒ် ] အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ့်သက်တမ်းတိုးထားတဲ့ အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူးရဲ့ အသင်း နဲ့ အခြေအနေကို လိုက်လျောညီထွေစွာ စောင့်ကြည့်ရင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တိုက်စစ်မှူး Ivan Toney [ အိုင်ဗန် တိုနေး ] နေရာ အစားထိုးချင်နေတဲ့ ဘရန့်ဖို့ဒ်။
အစီရင်ခံစာအရ နည်းပြ အာတစ်တာက အာဆင်နယ် အသင်း ရဲ့ စံချိန်တင် တိုးတက်မှု နဲ့ ယင်းတိုးတက်မှု လမ်းကြောင်းကို ဆက်လက်လုပ်ဆောင်ရန် သူတို့ရဲ့ ရည်မှန်းချက် အတွက် မျှော်လင့်နေပါတယ်။
တစ်ချိန်က အင်္ဂလန် လက်ရွေးစင် အသင်းမှာ ကစားခဲ့ဖူးပြီး လက်ရှိမှာ လောင်းကစားဥပဒေ ချိုးဖောက်မှုကြောင့် ပွဲကစားခွင့် တားမြစ်ခံထားရတဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ ပိုမို တိုးတက်လာစေဖို့ မျှော်လင့်နေပါတယ်။
Brentford အသင်းဘက်က အဆိုပါ အင်္ဂလန် တိုက်စစ်မှူးအတွက် သတ်မှတ် ပြောင်းရွှေ့ ကြေး အနေနဲ့ ယူရို ၆၉ သန်း (ပေါင် ၆၀ သန်း ) လိုချင် နေကြောင်း သိရပါတယ်။
အပြောင်းအရွှေ့ သတင်းတွေအရ Bees [ ဘရန့်ဖို့ဒ် ] အသင်း အနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူးကို ရောင်းချပြီး Leicester တိုက်စစ်မှူး Patson Daka ကို အစားထိုးရန်အတွက် ကြိုးပမ်းနေကြောင်း သိရှိရပါတယ်။
အာဆင်နယ်အတွက် Ivan Toney [ အိုင်ဗန် တိုနေး ] ပြောင်းရွှေ့ကြေး ပြဿနာ။
တိုနေး နဲ့ ပတ်သက်ပြီး အာဆင်နယ် ရဲ့ ရပ်တည်ချက်အပေါ် ကျွန်တော်တို့ရဲ့ နားလည်မှုကတော့ သူတို့ဟာ ကစားသမားကို အမှန်တကယ် စိတ်ဝင်စားနေပေမယ့် ခေါ်ယူမှုတိုင်းဟာ တိုက်စစ်မှူးရဲ့ ပြောင်းရွှေ့ကြေး အပေါ် မူတည်ပါလိမ့်မယ်။
လက်ရှိ Brentford အနေနဲ့ The Mirror က ဖော်ပြထားတဲ့ ပမာဏထက် သိသိသာသာ မြင့်မားတဲ့ ပမာဏကို တောင်းဆိုခဲ့မယ်ဆိုရင် ဂန်းနားတွေဟာ ကစားသမားကို ခေါ်ယူဖို့ မတတ်နိုင်ပါဘူး။
ကစားသမားအပေါ် တော့တင်ဟမ် ဟော့ စပါး က စိတ်ဝင်စားမှု ရှိသလို ချယ်လ်ဆီး အသင်းဘက်ကလည်း စိတ်ဝင်စားနေခဲ့ပါတယ်ပြီး တစ်ချိန်တည်းမှာပင် နယူးကာဆယ်ကလည်း ကစားသမားကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။
အသက် ၂၇ နှစ်အရွယ် Ivan Toney ရဲ့ မျှော်လင့် ပြောင်းရွှေ့ကြေး တန်ဖိုး (xTV) က ယူရို ၃၁ သန်းနဲ့ ရပ်တည်နေပြီး သူ့ ရဲ့ ဆိုင်းငံ့ထားမှုကြောင့် မေလကတည်းက တစ်စိတ်တစ်ပိုင်း ကျဆင်းသွားတာပါ။
အမှန်တကယ်တော့ သူ့ ရဲ့ အပြောင်းအရွှေ့ က တကယ့် လေလံပွဲတစ်ခုလို ဖြစ်လာမှာပါ။ လပ်အသင်းကြီးများစွာ ရဲ့ တောင်းဆိုမှုပေးထားတဲ့ တန်ကြေး ထက် ပိုပြီး မြင့်မားတဲ့ ပမာဏ တစ်ခု နဲ့ ပြောင်းရွှေ့ နိုင်ဖွယ် ရှိနေပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။