Alexander-Arnold ရဲ့ လီဗာပူးလ်နဲ့ စာချုပ်သစ်။

ညာနောက်ခံလူ Alexander-Arnold [ အလက်ဇန်းဒါး-အာနိုး ] ဟာ လီဗာပူးနဲ့ စာချုပ်သစ်။
Alexander-Arnold [ အလက်ဇန်းဒါး-အာနိုး ] နဲ့ လီဗာပူးလ် တို့ကြား အခု နွေရာသီမှာ နောက်ထပ် စာချုပ်သစ် အတွက် ဆွေးနွေးမှုများ ပြုလုပ်ဖွယ်ရှိကြောင်း သိရှိရပါတယ်။
အဆိုပါ နောက်ခံလူဟာ 2025 ခုနှစ် အထိ သက်တမ်းရှိတဲ့ သူ့ရဲ့ လက်ရှိ စာချုပ် သက်တမ်းထက် ကျော်လွန်သွားမယ့် စည်းကမ်းချက်များ ပေးအပ်ဖို့ သတ်မှတ်ထားပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
လီဗာပူးလ်အသင်း နဲ့ ၂၀၂၅ အထိ ၄ နှစ် စာချုပ် ချုပ်ဆိုထားတဲ့ Alexander-Arnold [ အလက်ဇန်းဒါး-အာနိုး ]။
ကလပ်အသင်းဘက်က ခြောက်နှစ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုများ ရှိခဲ့ပေမယ့် တိုတောင်းသော အချိန်ကာလ တစ်ခု အတွက်သာ သဘောတူနိုင်ဖွယ် ရှိတယ်လို့ ယုံကြည်ရပါတယ်။
ညာ နောက်ခံလူ Alexander-Arnold [ အလက်ဇန်းဒါး-အာနိုး ] ဟာ ယာဂင်ကလော့ပ် ကိုင်တွယ်နေတဲ့ လီဗာပူးလ် အသင်း ရဲ့ ခံစစ်ပိုင်းမှာ ရာသီနောက်ဆုံး အဆင့် ပွဲစဥ်တွေ အထိ အရေးပါနေဆဲ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီရာသီမှာ ဂိုးဖန်တီးမှု 8 ကြိမ်နဲ့ 4 ဂိုးသွင်းထားပြီး သူ့ရဲ့လတ်တလောအကောင်းဆုံး သွင်းဂိုးကတော့ လက်စတာစီးတီးနဲ့ပွဲမှာ သေသပ် လှပတဲ့ ဖရီးကစ်ကန်ချက်ပဲ ဖြစ်ပါတယ်။

လက်စတာဘက် ဖရီးကစ်ကတဆင့် လှလှပပဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေတဲ့ အာနိုး။
Trent Alexander-Arnold [ အလက်ဇန်းဒါး-အာနိုး ] ဟာ 2021 ခုနှစ်တုန်းက အသင်း နဲ့ နောက်ဆုံး စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး သူ့ရဲ့ ငယ်ဘဝ ကလပ်မှာ နောက်ထပ် ၄ နှစ် သက်တမ်းတိုးဖို့ သဘောတူညီခဲ့ပါတယ်။
လီဗာပူးလ်ရဲ့ Alexander-Arnold [ အလက်ဇန်းဒါး-အာနိုး ] အပြင် နောက်ထပ် Ugarte နဲ့ ချိတ်ဆက်မှုများ။
Sporting CP ကြယ်ပွင့် Manuel Ugarte သည် ယခုနွေရာသီအပြောင်းအရွှေ့တွင် လီဗာပူးလ်မှ ခေါ်ယူမည်မဟုတ်ပေ။ ကလပ်အသင်းဘက်က ဖြစ်နိုင်ချေရှိတဲ့ စာချုပ်တစ်ရပ်အတွက် Gestifute နဲ့ ဆွေးနွေးမှုများ ပြုလုပ်ထားပါတယ်။
ဒါပေမယ့်လည်း စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ အပြည့် ပေးချေဖို့ ပြင်ဆင်ထားခြင်း မရှိကြောင်း သိရပြီး ကွင်းလယ် ကစားသမားဟာ ငွေတန်ဖိုး ရှိမလားဆိုတာ မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါတယ်။
လီဗာပူးကို ပြောင်းရွှေ့မယ်လို့ အကြံပြုထားတဲ့ သတင်းတွေအရတော့ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး မာဆေးဆိုက်ကတော့ သူ့ရဲ့ ဦးစားပေး ရွေးချယ်မှုလို့ သိရပါတယ်။

အာနိုးဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်းရှိနေပါတယ်။
လီဗာပူး ဟာ နောက်ပိုင်း ရာသီတွေမှာ ကွင်းလယ် ပိုင်း ပြသနာ တချို့ ကြုံတွေ့ ခဲ့ရ ပါတယ် ။ Ugarte အတွက် ပေးချေဆိုတာက သူ့မှာ ပရီးမီးယားလိဂ် အတွေ့အကြုံ မရှိသေးပါဘူး။
ဒါ့အပြင် Sporting CP အသင်းမှာလည်း မတူညီတဲ့ စနစ်တစ်ခုမှာ အသုံးပြု ထားတာကြောင့် စွန့်စားရာ ကျနိုင်ပြီး ယူရိုသန်း 40 လောက်ရှိတဲ့ ကိန်းဂဏန်းက ပိုဖြစ်နိုင်ချေ ရှိမှာပါ။
ကွင်းလယ်ပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့ လီဗာပူးလ်အသင်း။
ကွင်းလယ်ကစားသမား Manuel Ugarte ဟာ လီဗာပူးကို ပြောင်းရွှေ့ချင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ကလပ်အသင်းဘက်ကလည်း သူ့ကို အမှန်တကယ် နှစ်သက်သဘောကျနေပါတယ်။
သို့ပေမယ့် အခြားဦးစားပေးများ ရှိသည်ဟု ပေါ်တူဂီရှိ သတင်းရင်းမြစ်များက ဆိုကာ သူတို့ ဘက်က စာချုပ်ဖျက်သိမ်းတာနဲ့ ပတ်သက်လို့ ငြင်းခုံနေကြတာ အခုအချိန်ကာလ တစ်ခုအထိ ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
ချဲလ်ဆီးအသင်းကလည်း စိတ်အားထက်သန်ပေမယ့် နီးစပ်မှုမရှိပါဘူး။ လီဗာပူးအနေနဲ့ ကွင်းလယ်မှာ သုံးယောက်သား ကွင်းလယ်စနစ်ဖြင့် ကစားသည့် နံပါတ် 6 ကို စုဆောင်းခြင်းက ပိုကောင်းမည်ဟု ခံစားမိသည်။

စပို့တင်းကွင်းလယ်လူ မန်နူယယ် အူဂတ်တီ။
ရိုမီယို လာဗီယာကတော့ မတ်လတုန်းက ကလပ်ကိုလာဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ဆောက်သမ်တန်မှာတုန်းက 4-4-2 ပုံစံနဲ့ ပွဲအများစုမှာ ပါဝင်ကစားခဲ့ပါတယ်။
အနည်းဆုံးတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိထားပြီ ဖြစ်တာကြောင့် အပြောင်းအရွှေ့ စာရင်းမှာ ထိပ်ဆုံးက ပါနိုင်ပါတယ်။ Mac Allister နဲ့ Mason Mount တို့ကလည်း အခု အချိန်ထိ အသင်းရဲ့ အဓိက ပစ်မှတ်များအဖြစ် ကျန်ရှိနေပါတယ်။
အာဂျင်တီးနားသား Mac Allister အနေနဲ့ ဘရိုက်တန် အသင်းနဲ့အတူ ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရရင် အန်ဖီးလ် ကို ပြောင်းရွှေ့ မှာ မဟုတ်ဘူး လို့ မှတ်ချက်ပေး ပြောကြား သွားခဲ့ ပါတယ် ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။