Giorgio Chiellini [ ချီလီနီ ] ရဲ့ အသင်းသစ် – လော့စ်အိန်ဂျလိစ်။
လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ အီတလီနဲ့ ဂျူဗင်တပ်စ် ဂန္ထဝင်ကြီး [ Giorgio Chiellini ] ချီလီနီ
Giorgio Chiellini [ ချီလီနီ ] ဟာ လော့စ်အိန်ဂျလိစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားပြီလို့ သတင်းရင်းမြစ်များစွာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အီတလီနဲ့ ဂျူဗင်တပ်စ် ဂန္တဝင်ကစားသမားကြီးဟာ သူ့ရဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် နောက်ဆုံး ကစားသမားဘဝ အနားမယူခင် အမေရိကန်မှာ ကစားတဲ့ အတွေ့အကြုံကို ရယူဖို့ ရွေးချယ်ခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ် အသင်းဟာ လက်ရှိ အာကစားရာသီရဲ့ ပွဲစဥ် ၁၄ ပွဲ ကစားအပြီးမှာ မေဂျာလိဂ်ဘောလုံး အနောက်တိုင်းကွန်ဖရင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အသက် ၃၇ နှစ်အရွယ် ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းမှာ နောက်ထပ်တစ်ရာသီကစားဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အီတလီရဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲမအောင်တာကြောင့် စီစဉ်ထားတာထက် တစ်နှစ်စောပြီး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
နောက်ခံလူ Giorgio Chiellini က
“ကျွန်တော်တို့မှာ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ၁၀ နှစ်တာ ကာလကို ပိုင်ဆိုင်ခဲ့ပါတယ်။ အခုတော့ တခြားသူတွေနဲ့ပဲ သက်ဆိုင်သွားပါပြီ။ ”
“ကျွန်တော် တတ်နိုင်သမျှ လုပ်ခဲ့ပြီး တစ်ခုခုတော့ ချန်ထားခဲ့ဖို့ မျှော်လင့်ပါတယ်။ ”
” ဒါဟာ ကျွန်တော့်ရဲ့ရွေးချယ်မှု ၁၀၀ ရာခိုင်နှုန်းပါပဲ။ ဒီလိုမြင့်မားတဲ့အဆင့်မှာ ထွက်ခွာရတာကို ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ရုန်းကန်ပြီး မပြီးဆုံးချင်သလို ကျွန်တော့်အသက်အရွယ် အဆင့်မှာ မကစားနိုင်တော့ဘူးလို့ နှစ်ပေါင်းများစွာ ပြောလာခဲ့ပြီးပါပြီ။ မကြာခင်မှာ ကျွန်တော်ဟာ ပြင်ပက အကြီးမားဆုံး ဂျူဗင်တပ်စ် ပရိသတ် ဖြစ်လာတော့မှာပါ။
ဒီကလပ်ထဲမှာ နှစ်အတော်ကြာအောင် အပြီးအပိုင် ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ” လို့ နောက်ခံလူက ဆိုပါတယ်။
ဂျော်ဂျီယို ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ နောက်ခံလူဟာ ၂၀၀၄ ခုနှစ်မှာ Livorno [ လီဗော်နို ] အသင်းကနေ Juve [ ဂျူဗင်တပ်စ် ] အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ Fiorentina [ ဖီအိုရမ်တီးနား ] အသင်းမှာ ပထမရာသီ အငှားသွားရောက် ကစားပြီးနောက် မကြာခင်မှာပဲ ဂျူဗင်တပ်စ် ကလပ်အတွက် အဓိကကစားသမားဖြစ်လာခဲ့ပါတယ်။
ဝါရင့်နောက်ခံလူ Chiellini ရဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ စွမ်းဆောင်ရည်များ
ချီလီနီဟာ ဘီယန်ကိုနီအတွက် ၁၇ ရာသီမှာ ၅၆၁ ပွဲကစားကာ ၃၆ ဂိုးသွင်းယူပေးထားပါတယ်။ သူဟာ အသင်းနဲ့အတူ စီးရီးအေ ချန်ပီယံဖလား (၉) ကြိမ်၊ အီတလီ ပြည်တွင်းဖလား ( ၅) ကြိမ်၊ အီတလီ စူပါကပ် ဖလား ( ၅ )နဲ့ အီတလီ ဒုတိယတန်း ချန်ပီယံဆုဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထပ်ဆောင်အနေနဲ့ အီတလီ လက်ရွေးစင် အသင်းနဲ့အတူ နောက်ခံလူဟာ EURO 2020 [ ယူရို ၂၀၂၀ ] ချန်ပီယံဖလားကို မကြာသေးခင်က ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဂျောဂျီယို ချီလီနီဟာ Scudetti ချန်ပီယံဖလားကို (၉) ကြိမ်ဆက်တိုက် အနိုင်ရခဲ့ပြီး BBC ရဲ့ အကောင်းဆုံး ကာကွယ်မှုတစ်ခုဖြစ်တဲ့ အန်ဒရေ ဘာဇာဂလီနဲ့၊
လီယိုနာဒို ဘိုနူချီတိုနဲ့အတူ ဂျန်လူဝီဂျီ ဘူဖွန်က ကျွမ်းကျင်ကောင်းမွန်စွာနဲ့ ဂိုးပေါက်ကို ကာကွယ်ပေးခဲ့ပါတယ်။
ဂျူဗင်တပ်စ် အသင်းခေါင်းဆောင် ချီလီနီ
ဂိုးသမား ဘူဖွန် အသင်းကနေ ထွက်ခွာပြီးနောက် ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ အသင်းခေါင်းဆောင်ဟာ ကလပ်အသင်းရဲ့ အထင်ကရ အမှတ်သင်္ကေတတစ်ခုအဖြစ် အမှတ်ရနေကြမှာ ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်အသင်းနဲ့ ဆက်လက် လက်တွဲသွားပြီး ကစားသမားဘဝ အနားယူပြီဆိုတာနဲ့ သူဟာ အသင်းဟောင်းဆီ ဒါရိုက်တာအဖြစ် ပြန်လည်ရောက်ရှိလာမယ်လို့ ယူဆရပါတယ်။
အီတလီ လက်ရွေးစင်ကစားသမားဟောင်း ချီလီနီဟာ အခုလအစောပိုင်းက ဝင်ဘလေကွင်းမှာ အာဂျင်တီးနားနဲ့ ဖီနာလီဇီမာ ဗိုလ်လုပွဲမှာ အီတလီအတွက် သူ့ရဲ့ နိုင်ငံအသင်းနဲ့ နောက်ဆုံးပွဲကိုလည်း ကစားခဲ့ပါတယ်။ ဗဟိုခံစစ်မှူးဟာ အီတလီလက်ရွေးစင်ကစားသမားဘဝ ၁၈ နှစ်မှာ ၁၁၇ ပွဲ အနိုင်ရခဲ့ပြီး ယူရို ၂၀၂ ပြိုင်ပွဲမှာ အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါအပြင် သူဟာ ပြိုင်ပွဲတလျှောက် အကောင်းဆုံး နောက်ခံလူဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အီတလီသားဟာ အခုနွေရာသီ အစောပိုင်းမှာ နိုင်ငံလက်ရွေးစင် အသင်းကနေ အနားယူခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာပွဲစဥ်တွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာ မရှိတော့ပါဘူး။ အခုလာမယ့် လိဂ်အသစ်နဲ့လည်း အသားကျလိမ့်မယ်လို့ ယုံကြည်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။