ဘန်ဇီးမားကို နှစ်ချို့ဝိုင်လိုမျိုး ကြာလေ ပိုကောင်းလာလေပဲလို့ ချီးကျူးလိုက်တဲ့ အန်ဆယ်လော့တီ

Karim Benzema vs Carlo Ancelotti
April 7, 2022

 

ကာရင် ဘန်ဇီမာက ‘ပိုကောင်းလာတယ်… နှစ်ချို့ ဝိုင်ကောင်းကောင်းနဲ့ တူတယ်။’ လို့ 

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက  ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

 

 

နည်းပြ အန်ဆယ်လော့တီက ကာရင်ဘင်ဇီမာဟာ ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဥ်မှာ ဟက်ထရစ်သွင်းယူပြီးနောက် သူ့ရဲ့ ကြယ်

ပွင့်တိုက်စစ်မှူး ဘင်ဇီမာဟာ တစ်နေ့ထက်တစ်နေ့  ပိုပိုပြီး ကောင်းမွန်လာကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

 

ဘန်ဇီမာဟာ သူ့ရဲ့  အံ့အားသင့်ဖွယ် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၆ ပွဲမှာ ၃၇ ဂိုးသွင်းယူပြီး PSG အသင်းနဲ့  နောက်ဆုံး ၁၆ သင်းအဆင့်ပွဲစဥ်မှာ အသင်းအတွက်  ဟက်ထရစ်

သွင်းယူပြီးနောက် အခု ချဲလ်ဆီးအသင်းနဲ့ ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဥ်မှာလည်း နောက်ထပ် ဟက်ထရစ် ( ၃ ဂိုး ) သွင်းယူပေးနိုင်ခဲ့ပါတယ်။

 

အသက် ၃၄ နှစ်အရွယ် ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်ဟာ အခုချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံး နှစ်ပွဲဆက်တိုက်မှာ ဟက်ထရစ်သွင်းယူထားပြီး ပြိုင်ပွဲစုံ နောက်

ဆုံး ၇ ပွဲတွင် ၁၃ ဂိုး သွင်းယူထားပါတယ်။

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👈

 

How to register in 1XBET? – Myanmar Sports

 

 

 

‘‘ ကာရင် ဘန်ဇီမာက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးကို ကောင်းမွန်လာပါတယ်။ နှစ်ရှည်လများ ထိန်းသိမ်းထားတဲ့ နှစ်ချို့ဝိုင်လိုပါပဲ။ ’’

 

‘‘ သူက တစ်နေ့ထက် တစ်နေ့  ပိုပြီး ခေါင်းဆောင်ကောင်း ပိုပီသလာတယ်။ သူ့အနေနဲ့ ဒီအသင်းမှာ ပိုအရေးပါတယ်လို့ ခံစားရတယ်။ ပြီးတော့ သူရဲ့ ပုံစံ ခြေစွမ်းတွေ

မလျော့ကျဘဲ ပိုပြီး တိုးတက်လာတာက အသင်းအတွက် ထူးခြားမှုကို ဖြစ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ’’

 

‘‘သူ့မှာ ပင်ကိုယ်စရိုက်တွေ အများကြီးရှိပါတယ်။ သူက ငါတို့အတွက် အရမ်းအရေးကြီးတဲ့ ကစားသမားဆိုတာ သိပြီး လူတိုင်းအတွက် စံနမူနာယူစရာပါ။ ’’

 

‘‘အရေးကြီးဆုံးက ကစားသမားတွေ ပြသခဲ့တဲ့ ရဲရင့်မှုလို့ ကျွန်တော်ထင်ပါတယ်။ သော့ချက်က ကျွန်တော်တို့ နောက်တန်းကနေ ဘောလုံးကို ကောင်းကောင်းထုတ်

နိုင်ခဲ့လို့ တောင်ပံတလျှောက် ဘောလုံးရောက်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဗင်နီဆီယက်စ် နဲ့ ကာရင်ဘန်ဇီမာတို့ဟာ တဖက်အသင်းအတွက် အရမ်း

အန္တရာယ်များတဲ့ တိုက်စစ် ကစားသမားတွေပါ။ နှစ်ယောက်စလုံး နားလည်မှုရှိရှိ ချိတ်ဆက်ကစားတာ အရမ်းကောင်းပါတယ်။ ’’ လို့  ရီးရဲလ်မက်ဒရစ်နည်းပြ အန်

ဆယ်လော့တီက ပြောဆိုခဲ့ပါတယ်။

 

 

Karim Benzema

 

အသက် ၆၀ အရွယ် ရှိပြီဖြစ်တဲ့ အန်ဆယ်လော့တီဟာ သူ့ရဲ့  မက်ဒရစ်အသင်းနဲ့ အချိတ်အဆက်မိစေဖို့  အချိန်မီပြန်ရောက်လာခဲ့ပြီး  ကျန်းမာရေးကောင်းမွန်နေပေ

မယ့် ဒုတိယအကျော့အတွက် ချယ်လ်ဆီးအသင်းကို သတိထားနေဆဲဖြစ်ပါတယ်။

 

နည်းပြ အန်ဆယ်လော့တီက ‘‘ ကျွန်တော် နေကောင်းနေတယ်။ ​​ထူးထူးခြားခြား ဘာလက္ခဏာမှ မပြခဲ့ဘူး။ အသင်းကလည်း တကယ်ကောင်းအောင် လုပ်နိုင်ခဲ့ပါ

တယ်။ ’’

 

‘‘ ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါ။ ကျွန်တော်တို့ ကောင်းကောင်းကစားခဲ့တယ်။ ကောင်းမွန်တဲ့ ကျွန်တော်တို့ရဲ့ ပင်ကိုယ်စရိုက်ကို ပြသခဲ့ကြပါ

တယ်။ ’’

 

‘‘ ကျွန်တော်တို့လက်ရှိမှာ ဦးဆောင်နေပေမယ့် ဒါက ဒီအဆင့်မှာပဲ ရှိပါသေးတယ်။ ချဲလ်ဆီးက အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့ကို လေးစားပါတယ်။

နောက်ထပ် ဒုတိယအကျော့ ပွဲတစ်ပွဲရှိပါသေးတယ်။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ အာရုံစူးစိုက်ထားဖို့ လိုအပ်ပါတယ် ’’ လို့

နည်းပြ အန်ဆယ် လော့တီက ပြောဆိုခဲ့ပါတယ်။

 

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment