အမ်ပါပေကို အသင်းခေါင်းဆောင်နေရာ ခန့်အပ်ဖို့ စီစဥ်နေတဲ့ PSG အသင်း

Kylian Mbappe
April 3, 2022

 

 

PSG အသင်းက တိုက်စစ်မှူး ကီလီယန် အမ်ပါပေကို အသင်းမှာ ဆက်နေစေလိုပြီး အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေပါတယ်။

 

Paris Saint-Germain အသင်းဟာ တိုက်စစ်မှူး ကီလီယန် အမ်ပါပေကို Parc des Princes ( အသင်း ) မှာ ဆက်နေစေဖို့ ကြိုးစားနေပြီး အသင်းရဲ့  အသင်းခေါင်း

ဆောင် ဖြစ်လာမယ့် အလားအလာကိုတောင် တွေ့မြင်နေရပါတယ်။  သူ့ရဲ့  စာချုပ်ဟာ ဒီ ၂၀၂၂ နွေရာသီဆိုရင် ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့

စီစဉ်ထားပေမယ့်  PSG အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားနဲ့ သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိအောင် ကြိုးစားနေပုံရပြီး နောက်ကွယ်ကနေ ဆက်လက်

လုပ်ဆောင်နေခဲ့ကြပါတယ်။

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

 

👉အကောင့်ဖွင့်နည်း 👈

How to register in 1XBET? – Myanmar Sports

 

 

 

အမ်ဘတ်ပေဟာ ငယ်စဉ်ကတည်းက ကစားဖို့ အိပ်မက်မက်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားချင်နေပြီး လီဂူး(၁) အသင်းဆီက ကြီးမားတဲ့ ကမ်း

လှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်။

 

ဒါ့ကြောင့် PSG အသင်းရဲ့ နောက်ဆုံးထွက်ပေါက်တစ်ခုကတော့ အမ်ပါပေကို ငွေနဲ့ မဝယ်နိုင်တော့တဲ့ PSG အသင်း Parc des Princes မှာ မက်မောဖွယ် အရာတစ်

ခုပေးဆောင်ဖို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ – အသင်းခေါင်းဆောင်လက်ပတ် ပေးအပ်ဖို့ပဲ ဖြစ်ပါတယ်။ ပြင်သစ် အားကစားသတင်းဌာန  L’Equipe ရဲ့ ဖော်ပြချက်

အရ ပြင်သစ်ကလပ်အသင်းဟာ အမ်ဘာပေကို ဒီရာသီကုန်မှာ ဆက်ရှိနေရင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

 

 

၂၀၁၆ ခုနှစ်၊ ဇလာတန် အီဘရာဟီမိုဗစ် ထွက်ခွာသွားပြီးကတည်းက PSG အသင်းမှာ စစ်မှန်တဲ့ အသင်းခေါင်းဆောင်တစ်ဦးမရှိဘူးလို့ ခံစားရပြီး အမ်ဘာပေဟာ ဒီ

လို ကစားသမားမျိုး ဖြစ်နိုင်တယ်လို့ ခံစားမိကြပါတယ်။

 

Kylian Mbappe

 

 

ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်ဖွယ် လက်ညှိုးထိုးခံခဲ့ရပေမယ့် အမ်ဘတ်ပေက  သူဟာ စူပါစတားတစ်ယောက်ဖြစ်ပြီး ‌အရေးကြီးတဲ့

အချိန်အခါတွေမှာ သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပါတယ်။

 

 

 

ဒါနဲ့ မာကွင်းညို့စ် ကရော အမ်ပါပေကို အသင်းခေါင်းဆောင်လက်ပတ် လွှဲပြောင်းပေးမှာလား?

 

PSG အသင်းမှာ လက်ရှိအသင်းခေါင်းဆောင် မာကွင်းညို့စ်ဟာ ၂၀၂၀ ခုနှစ် သီယာဂိုဆေးလ်ဗား ထွက်ခွာသွားပြီးကတည်းက အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်

ဆင်ထားသူ ဖြစ်ပါတယ်။ ဘရာဇီးသားက ဒီရာထူးကို စွန့်လွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဒီဆုံးဖြတ်

ချက်ကို သူ့လက်ထဲကနေ နှုတ်ယူသွားမယ့် အနေအထား ရှိနေပါတယ်။

 

 

Kylian Mbappe vs Marquinhos

 

 

အမ်ဘာပေကို ဆက်ထိန်းထားဖို့က PSG အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်ပြီး ကလပ်ဒါရိုက်တာတွေက အရာရာကို ကြိုးစားချင်စိတ်ရှိပြီး ဒီအသက် ၂၃ နှစ်

အရွယ် တိုက်စစ်မှူးသာ အသင်းခေါင်းဆောင်ဖြစ်လာရင် ဒါက အပြုသဘောဆောင်တဲ့ အပြောင်းအလဲဖြစ်လာမယ်လို့ လူအများက ယုံကြည်ထားတာကြောင့် အနည်း

ဆုံးတော့ ဒါကို စဉ်းစားရမှာပါ။

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment