ကမ္ဘာ့ဖလားကို ကျောခိုင်းလိုက်ရတဲ့ အီတလီနဲ့ ကံကောင်းနေသေးတဲ့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်း
ပြီးခဲ့တဲ့ ယူရို -၂၀၂ဝပြိုင်ပွဲမှာ ချန်ပီယံဆုအထိပါ ရယူပိုင်ဆိုင်နိုင်ခဲ့တဲ့ အီတလီလက်ရွေးစင်အသင်းဟာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် ပလေးအော့ဖ်ပွဲစဉ်မှာ
မြောက်မက်ဆီဒိုးနီးယားလို ဥရောပ အသင်းလေးကို ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ (ရုရှား ) နဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ (ကာတာ ) အပါအဝင်
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို (၂) ကြိမ်ဆက်တိုက် လွဲချော်သွားခဲ့ရပြီ ဖြစ်ပါတယ်။
ဒါကို အသင်းရဲ့ သမိုင်းနဲ့ ပြန်ယှဥ်ကြည့်လိုက်မယ်ဆိုရင် ဒီလို (၂) ကြိမ် ဆက်တိုက်လွဲချော်ခဲ့တာဟာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဆိုးကြီး တစ်ခုပဲ ဖြစ်ပါတယ်။
ဒီပွဲကို အီတလီအသင်းက အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပြီး လူဦးရေ ၂သန်းသာရှိတဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းကို ၀ – ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်) MMSPORT100 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။
အကောင့်ဖွင့်နည်း
How to register in 1XBET? – Myanmar Sports
တစ်ဖက်မှာတော့ ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ တူရကီအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပလေးအော့ဖ် ဖိုင်နယ်အဆင့်မှာ အီတလီ
အသင်းကို ဖြတ်ကျော်လာခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒီပွဲစဥ်မှာ ရော်နယ်ဒိုက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းကို အကောင်းဆုံး ခေါင်းဆောင်နိုင်ခဲ့ပါတယ်။ နောက်ခံလူ ဖွန်တေရဲ့ မတော်တဆ အမှားကနေတဆင့် ပင်နယ်
တီ ပေးလိုက်ရပေမယ့် ပြိုင်ဘက် တူရကီအသင်းက ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် ပေါ်တူဂီအသင်း ပိုမို ယုံကြည်မှု ရရှိခဲ့ပြီး ပွဲစဥ်ကို အကောင်းဆုံးအဆုံး
သတ်နိုင်ခဲ့ပါတယ်။ အီတလီထက်စာရင် မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ယှဥ်ပြိုင်ရမှာ ပွဲချောင်မယ်လို့ ထင်ရတာကြောင့် ပေါ်တူဂီအသင်းကို ဦးဆောင်တဲ့
ရော်နယ်ဒိုကတော့ ဆက်လက် ကံကောင်းနေဦးမှာ ဖြစ်ပါတယ်။
အလားတူ ဝေးလ်က ဩစတြီးယားကို ၂-၁ ဂိုး၊ ဆွီဒင်က ချက်ကို အချိန်ပိုမှာ ၁-၀ ဂိုးတို့နဲ့ အသီးသီး အနိုင်ယူကာ ကမ္ဘာ့ဖလား ၂၀၂၂ အုပ်စုတစ်နေရာအတွက် ပလေး
အော့ဖ် ဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အရံခုံမှာ အချိန်ကုန်နေတဲ့ ဂါရတ်ဘေးလ်ဟာ နိုင်ငံလက်ရွေးစင် ဝေးလ်အသင်းမှာဆိုရင်တော့ ခေါင်းဆောင်ကောင်းတစ်ဦးပါပဲ။ ဘေးလ်
ဟာ ဒီပွဲစဥ်မှာ အသင်းအတွက် ၂ ဂိုးစလုံးသွင်းပြီး ၁ ဂိုးက ဆယ်ပြားစေ့ထောင့်ထဲကို ဖရီးကစ်ကနေ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီတရာသီလုံးမှာ အရန်ခုံတန်းနဲ့ မိတ်ဖွဲ့ထားတဲ့ ဘေးလ်က သူ့မှာအဆိပ်ရှိသေးတယ်ဆိုတာကို ပြသခဲ့တာပါ။ ဂါရတ်ဘေးလ်ရဲ့ ခြေစွမ်း အရှိန်အဝါက တောက်ပနေဆဲ
ဖြစ်ပြီး သူ့ရဲ့ ဝေးလ်အသင်းကို ကာတာဆီ ခေါ်ဆောင်သွားနိုင်ဖို့ လက်တကမ်းသာလိုပါတော့တယ်။
နောက်ဆုံးအဆင့်မှာ ဝေးလ်က ပွဲရွှေ့ဆိုင်းထားတဲ့ စကော့တလန်-ယူကရိန်းပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဆွီဒင်ကတော့ ပိုလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါ
တယ်။