ရိုဒရီကို စာချုပ်သစ် ကမ်းလှမ်းဖို့ စီစဥ်နေတဲ့ မန်စီးတီးအသင်း
မန်စီးတီးအသင်းဟာ ကွင်းလယ်ကစားသမား ရိုဒရီကို စာချုပ်သစ်ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။
မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီဟာ Etihad Stadium မှာ သူ့ရဲ့ လက်ရှိစာချုပ်သက်တမ်း ၂၀၂၄ မှာ ကုန်ဆုံးမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ အတော်လေးကို နီးစပ်
နေပြီ ဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ကစားသမားဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ လာလီဂါကနေ ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်နဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်အနည်း
ငယ်ယူခဲ့ရပြီး လက်ရှိမှာ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲမှ တစ်ဦးဖြစ်လာခဲ့ပါတယ်။
1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်) MMSPORT100 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။
အကောင့်ဖွင့်နည်း
How to register in 1XBET? – Myanmar Sports
ရိုဒရီဟာ လက်ရှိမှာ ဂွာဒီယိုလာရဲ့ ပွဲထွက် ၁၁ ဦး စာရင်းမှာ ပါဝင်လာခဲ့ပြီး ဒီရာသီ အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားထားပြီး ၃ ဂိုးသွင်း၊ ၁ ကြိမ် ကွင်းလယ်ဖန်တီး
မှုလည်း ပြုလုပ်ထားပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ထိပ်တန်းကစားသမားဘ၀မှာ အောင်မြင်တဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး မန်စီးတီးရဲ့ တိုက်စစ်ပုံစံ
အများအပြားအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ သူ့ရဲ့ မက်ထရိုနရီဖြန့်ဝေမှုနဲ့အတူ သူ့ရဲ့အရေးပါမှုကို ရောင်ပြန်ဟပ်နေပါတယ်။
ရိုဒရီရဲ့ လက်ရှိစာချုပ်ဟာ ဇွန် ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပြီး မီဒီယာ The Telegraph ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ သူ့ကို သက်တမ်းတိုးပြီး ရေရှည်
အတွက် ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။
စပိန်သားဟာ ဒီရာသီမှာ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် နောက်ဆုံးကစားသမားဖြစ်လာမှာဖြစ်ပြီး ရူဘင်ဒီယက်စ်၊ ယာအို ကန်ဆယ်လို၊ အီဒါဆန် နဲ့
ဂျွန်စတုန်းစ် တို့ဟာ မကြာသေးခင်က သူတို့ရဲ့အနာဂတ်ကို ကတိပြုခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ စီးတီးအသင်းဟာ ရိုဒရီရဲ့ တွဲဖက် ကွင်းလယ်လူ ဖာနန်ဒင်ဟိုရဲ့ နေရာမှာ အစားထိုးဖို့အတွက်လည်း ရှာဖွေနေကြောင်း သိရှိရပါတယ်။
ဘရာဇီးဝါရင့် ကွင်းလယ်ကစားသမားဟာ ဒီရာသီမှာ ပိုမိုအသုံးပြုလာခဲ့ပြီး သူ့ရဲ့ တစ်နှစ်စာချုပ်သက်တမ်းကုန်ဆုံးချိန် နွေရာသီကျော်လွန်ပြီးနောက်ပိုင်း သူ့ရဲ့ အစီ
အစဥ် တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါ။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ နောက်ထပ်တစ်နှစ်ဆက်နေနိုင်ပေမယ့် မှန်ကန်တဲ့
ရွေးချယ်မှုဖြစ်လာခဲ့ရင်တော့ မန်စီးတီးအသင်းရဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ပါဝင်လာနိုင်ပါတယ်။