ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့ ၂၀၂၃/၂၀၂၄ ရာသီ ဖြတ်သန်းမှု

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီ ဖြတ်သန်းမှု
June 10, 2024

ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ် ဘယ်လိုတွေဖြတ်သန်းခဲ့လဲ ?

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ရာသီမှာ ၎င်းတို့ရဲ့ ပြည်တွင်းပြိုင်ပွဲဖြစ်တဲ့ လာလီဂါမှာလဲ ချန်ပီယံဖြစ်ခဲ့သလို စပိန် စူပါကပ် ဆုဖလားကိုလဲ ဘာစီလိုနာအသင်းကို အနိုင်ယူကာ သိမ်းပိုက်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလဲ ဒေါ့မွန်အသင်းကို (၂) ဂိုး – ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံဆုဖလားကို (၁၅) ကြိမ်မြောက် ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါတယ်။

ဒီလို အောင်မြင်မှုတွေနဲ့အတူ နည်းပြ အန်ဆယ်လော့တီဟာလဲ ၎င်းရဲ့ စာချုပ်သက်တမ်းကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် အကောင်းဆုံးကစားသမား

အသက် (၂၃) နှစ်ရှိပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား Vinicius Junior [ဗီနီးရှပ်စ် ဂျူနီယာ] ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်လို့ သတ်မှတ်ခံရတာကတော့ မထူးဆန်းပါဘူး။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အသင်းကောင်းတစ်ခုအဖြစ် ရပ်တည်နေနိုင်တာဟာ သူလို ကစားသမားရှိနေတဲ့အချက်ကြောင့်လဲ ပါဝင်ပါတယ်။

ပရိတ်သတ်တော်တော်များများကတော့ သူ့ရဲ့ အားစိုက်ထုတ်မှုတွေကြောင့် Ballon d’Or ရရှိသင့်တယ်လို့ မှတ်ချက်ပြုထားကြပြီး အကယ်လို့ Ballon d’Or သာ ရရှိခဲ့ပါက သူဟာ ၂၀၀၇ ခုနှစ်မှာ Kaka ရရှိပြီးနောက်ပိုင်း ပထမဆုံး Ballon d’Or ရရှိတဲ့ ဘရာဇီးလ် ကစားသမားဖြစ်လာမှာပါ။

Real Madrid 2023/24 Player of the season

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် အကောင်းဆုံးကစားသမား

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် အကောင်းဆုံးသွင်းဂိုး

တစ်ရာသီလုံး ဂိုးတွေများစွာ သွင်းယူခဲ့တဲ့အထဲကမှ မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ခဲ့စဉ်က Valverde ရဲ့ မြေမကျကန်ချက်က အကောင်းဆုံးလို့ ဆိုနိုင်မှာပါ။

ဒီမြေမကျကန်ချက်ကို ကန်တင်ဘောကနေတဆင့် ဖန်တီးပေးသူကတော့ Vinicius Jr ပဲဖြစ်ပါတယ်။ တော်တော်လှလှပပနဲ့ ကောင်းမွန်လွန်းတဲ့ အဆုံးသတ်ဖြစ်ပြီး ဂိုးပေါက်ထောင့်ကို တန်းနေအောင်ကို ဝင်သွားခဲ့တာပါ။

Real Madrid 2023/24 goal of the season

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် အကောင်းဆုံးသွင်းဂိုး

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် စွမ်းဆောင်ရည် အကောင်းဆုံးပွဲ

တစ်ရာသီလုံးမှာ ပွဲကောာင်းများစွာရှိခဲ့တဲ့ထဲက ဘိုင်ယန်မြူးနစ်နဲ့ ဗိုလ်လုပွဲတက်ရောက်ဖို့ ယှဥ်ပြိုင်ရတဲ့ပွဲက ရီးရဲလ်မက်ဒရစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံးပွဲလို့ ဆိုနိုင်ပါတယ်။ ဒီပွဲမှာ အငြင်းပွားဖွယ်ရာတွေ ရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ စွမ်းဆောင်ရည်ဟာလဲ အလွန်ကောင်းမွန်ခဲ့တယ်ဆိုတာ ငြင်းပယ်လို့မရပါဘူး။

Joselu ရဲ့ နောက်ကျဂိုး (၂) ဂိုးဟာ ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ ကြီးမားတဲ့ အထောက်အပံ့ဖြစ်ခဲ့ပါတယ်။

Real Madrid 2023/24 performance of the season

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် စွမ်းဆောင်ရည် အကောင်းဆုံးပွဲ

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် အကောင်းဆုံး ကစားသမားခေါ်ယူမှု​

အဖြေကတော့ ရှင်းပါတယ်။ ဂျု ဘယ်လင်ဂန် (Jude Bellingham) ပါပဲခင်ဗျာ။ သူ့ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တာအထွက်မှာတင်ပဲ ဘယ်လင်ဂန်ဟာ (၄၂) ပွဲကစားပြီး (၂၃) ဂိုး သွင်းယူပေးထားနိုင်တာပါ။

ကွင်းလယ်မှာ သူ့ရဲ့အတိုးအလှုပ်တွေဟာ ပရိတ်သတ်တွေအတွက် အံ့အားသင့်စရာကောင်းလွန်းခဲ့ပြီး ယခု ကီလီယန် အမ်ဘာပေ (Kylian Mbappe) လဲ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် သူနဲ့သာတွဲပြီးမြင်ကြည့်မယ်ဆိုရင် လာမယ့်ရာသီ ရီးရဲလ်ရဲ့ ကစားအားကြီးကို မြင်ယောင်ကြည့်ရုံနဲ့တင် ကြက်သီးထဖို့ကောင်းနေပါပြီ။

Real Madrid 2023/24 signing of the season (Jude Bellingham)

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် အကောင်းဆုံး ကစားသမားခေါ်ယူမှု (Jude Bellingham)

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီမှာ တိုးတက်မှုအမြင့်ဆုံး ကစားသမား​

နောက်တန်းကစားသမား အန်တိုနီရို ရူဒီဂါ (Antonio Rudiger) ဟာ ဒီရာသီမှာ ပွဲထွက်ခွင့် သိပ်မရလောက်ဘူးလို့ ထင်ခဲ့ကြပေမယ့် အီဒါ မီလီတာအို (Eder Militao) ဒဏ်ရာပြဿနာရပီးနောက်ပိုင်း သူ့ကိုပဲ အားကိုးခဲ့ရတာပါ။

အားကိုးတာ မှန်ကန်တယ်လို့ ဆိုရမလိုပဲ ရူဒီဂါဟာ ရီးရဲလ်မက်ဒရစ် နောက်တန်းအတွက် အခရာ ကျတဲ့ ကစားသမားတစ်ဦးအဖြစ် တည်ရှိခဲ့တာပါ။

Real Madrid 2023/24 most improved player

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီမှာ တိုးတက်မှု အမြင့်ဆုံး ကစားသမား

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် ပွဲအများဆုံးကစားခဲ့တဲ့ ကစားသမားများ။

  • Federico Valverde – 54 ပွဲ (37 La Liga, 2 Copa del Rey, 13 Champions League, 2 Spanish Super Cup)
  • Rodrygo – 51 ပွဲ (34 La Liga, 2 Copa del Rey, 13 Champions League, 2 Spanish Super Cup)
  • Joselu – 49 ပွဲ (34 La Liga, 2 Copa del Rey, 11 Champions League, 2 Spanish Super Cup)
  • Toni Kroos – 48 ပွဲ (33 La Liga, 1 Copa del Rey, 12 Champions League, 2 Spanish Super Cup)
  • Antonio Rudiger – 48 ပွဲ (33 La Liga, 1 Copa del Rey, 12 Champions League, 2 Spanish Super Cup)

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် ထိပ်တန်းဂိုးသွင်းရှင်များ။

  • Vinicius Junior – 24 ဂိုး (15 La Liga, 6 Champions League, 3 Spanish Super Cup)
  • Jude Bellingham – 23 ဂိုး (19 La Liga, 4 Champions League)
  • Joselu – 18 ဂိုး (10 La Liga, 2 Copa del Rey, 5 Champions League, 1 Spanish Super Cup)
  • Rodrygo – 17 ဂိုး (10 La Liga, 1 Copa del Rey, 5 Champions League, 1 Spanish Super Cup)
  • Brahim Diaz – 12 ဂိုး (8 La Liga, 1 Copa del Rey, 2 Champions League, 1 Spanish Super Cup)

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ၂၀၂၃/၂၀၂၄ ရာသီအတွက် ထိပ်တန်း ဂိုးဖန်တီးရှင်များ။

  • Jude Bellingham – 13 လုံး (6 La Liga, 5 Champions League, 1 Copa del Rey, 1 Spanish Super Cup)
  • Vinicius Junior – 11 လုံး (6 La Liga, 5 Champions League)
  • Toni Kroos – 10 လုံး (8 La Liga, 2 Champions League)
  • Rodrygo – 9 လုံး (5 La Liga, 3 Champions League, 1 Spanish Super Cup)
  • Brahim Diaz – 9 လုံး (7 La Liga, 1 Champions League, 1 Copa del Rey)

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment