တိုမီနေးကို အနာဂတ် ယူနိုက်တက် အသင်းခေါင်းဆောင်ဖြစ်လာနိုင်ကြောင်း ပြောလိုက်တဲ့ နည်းပြ ရန့်ဂနစ်
အက်ဖ်အေဖလား သူရဲကောင်း မက်တိုမီနေးသည် အနာဂတ်တွင် မန်ယူ အသင်းခေါင်းဆောင် ဖြစ်လာမည်ဟု ရန့်ဂနစ် က ပြောကြားခဲ့သည်။
ရာ့ဖ် ရန့်ဂနစ် သည် တနင်္လာနေ့က အက်စတွန်ဗီလာကိုအနိုင်ရရှိခဲ့သော အက်ဖ်အေဖလား တတိယအကျော့တွင် ၎င်း၏အသင်းအား ဦးဆောင်စေခဲ့ပြီးနောက် မန်ချက်စတာ
ယူနိုက်တက်အသင်းခေါင်းဆောင်၏ လက်ပတ်ကို တစ်နေ့တွင် ဝတ်ဆင်ရန် စကော့မက်တိုမီနေးထံ အကြံပြုခဲ့သည်။
Promocode (ပရိုမိုကုဒ်) MMSPORT100 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။
စကော့တလန်လက်ရွေးစင်သည် အိုးလ်ထရက်ဖို့ဒ်တွင် ကစားသည့် တစ်ခုတည်းသောဂိုးနှင့် နောက်ဆုံးသုံးပွဲတွင် ၎င်း၏ဒုတိယမြောက်ဂိုးကို ကောင်းမွန်သည့် ခေါင်းတိုက်
ချက်ဖြင့် သွင်းယူနိုင်ခဲ့သည်။
ဒုတိယပိုင်းအစမှာ ဗီလာက ဂိုးပေါက်ကို နှစ်ကြိမ် ကန်သွင်းခဲ့သော်လည်း နှစ်ဂိုးစလုံး လွဲချော်သွားခဲ့သည်။
“သူက အကယ်ဒမီ ကောင်လေးတစ်ယောက်ပါ၊ သူ့ရဲ့ စွမ်းအင်တွေက အံ့မခန်းပါပဲ။ အခု သူ ဂိုးတွေ သွင်းနေပြီ ဖြစ်သလို ခေါင်းဆောင်မှု စွမ်းရည်လည်း ပါ ပါတယ်။ နှစ်
အနည်းငယ်အတွင်း သူဒီအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာရင် ကျွန်တော်မအံ့သြ မိပါဘူး။ ” ဟု ရန့်ဂနစ်က ယူနိုက်တက်၏ ဂိုးသွင်းနိုင်တဲ့ ကွင်းလယ်လူအကြောင်း
မေးမြန်းရာမှာ BBC Sport ကို ပြောကြားခဲ့သည်။
မက်တိုမီနေ သည် ဒီဇင်ဘာနှောင်းပိုင်းတွင် ဘန်လေအသင်းကို ၃-၁ ဂိုး ဖြင့်အနိုင်ရရှိထားသော အံ့မခန်းအဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ၎င်းတို့၏ယခင်အောင်ပွဲများတွင်
လည်း ပါဝင်ခဲ့သည်။
နည်းပြ ရန့်ဂနစ်က ဗီလာကို ဂိုးပေါက်မှ ကောင်းကောင်းမွန်မွန် ကာကွယ်ပေးခဲ့သည့် ဒေးဗစ် ဒီဂီယာအတွက်လည်း နွေးထွေးသည့် စကားလုံးများ ရှိခဲ့သည်။
ရာ့ဖ် ရန့်ဂနစ်က
“ကျွန်တော်တို့က အသင်းကို Clean Sheet (ဂိုးမပေးရ ) အသင်းတစ်သင်းအဖြစ် တိုးတက်အောင်လုပ်ဆောင်ရမှာဖြစ်ပြီး ဒါဟာ ဒီနေ့ နောက်ထပ်တစ်သင်းဖြစ်ပါတယ်။
ဒါပေမယ့် ဒီဂီယာက ကျွန်တော့်အတွက် နောက်တစ်ကြိမ် ထူးချွန်နေပါသေးတယ်။”
“ကျွန်တော် သူ့ကို ကယ်ဆယ်မှု နည်းပါးစေချင်ခဲ့တာပါ၊ ကျွန်တော်တို့ ဂိုးပေါက် လေးငါးကြိမ်လောက်အောင်မြင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့်
ကျွန်တော်တို့ ဒီဧရိယာမှာတောင် ထပ်ပြီး တိုးတက်နေနိုင်သေးတယ်။” ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။