မက်ဒရစ်ဒါဘီပွဲစဉ်အတွက် အာရုံစိုက်နေတဲ့ ဘန်ဇီးမား

December 6, 2021

ဘန်ဇီမာသည် အင်တာမီလန်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံစ်လိဂ် ပွဲစဉ်အတွက်

လွဲချော်ခဲ့သော်လည်း မက်ဒရစ်ဒါဘီပွဲစဉ်အတွက် သေချာအာရုံစိုက်နေသည်။

 

ပြင်သစ်လက်ရွေးစင်ကစားသမားသည် တနင်္လာနေ့က ဆေးစစ်မှုခံယူခဲ့ပြီး

ရီးရဲမက်ဒရစ်နှင့် အက်သလက်တီကိုမက်ဒရစ်ပွဲစဉ်အတွက် အချိန်မီ ပြန်လာနိုင်သေးသည်။

 

စနေနေ့က ရီးရဲလ်ဆိုစီဒက်ကို 2-0 နဲ့အနိုင်ရတဲ့ပွဲမှာ 16 မိနစ်အကြာမှာပဲ ဒဏ်ရာကြောင့်

ကာရိမ် ဘန်ဇီးမား က ထုတ်ပယ်ခံခဲ့ရပါတယ်။ San Sebastián မှာ ကစားခဲ့တဲ့ ပွဲအပြီးမှာ

နည်းပြ အန်ဆယ်လော့တီ က တိုက်စစ်မှူး ဟာ အင်္ဂါနေ့ ကစားမယ့် အင်တာမီလန် နဲ့

ချန်ပီယံလိဂ် ပွဲစဉ် အတွက် အချိန်မီ ပါဝင် လာမှာ မဟုတ်ဘူး လို့ ဝန်ခံခဲ့ပါတယ် ။

 

တနင်္လာနေ့ မနက်ခင်းမှာ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာမှာ တံကောက်ကြော ဒဏ်ရာပြဿနာကို

ပြသခဲ့ပေမယ့် ပြင်သစ် တိုက်စစ်မှူးဟာ ဒီအပတ်မက်ဒရစ် ဒါဘီမှာ မြို့ခံပြိုင်ဘက်

အက်သလက်တီကို အသင်းနဲ့ ကစားမယ့် ပွဲစဉ်ကို မျက်စိကျနေပြီ ဖြစ်ပါတယ်။

 

ဒဏ်ရာပြဿနာကြောင့် အင်တာမီလန်နဲ့ ဆန်တီယာဂို ဘာနေဗျူးမှာတော့ ရွေးချယ်ခံရမှာ မဟုတ်ပါဘူး။

 

 

 

Leave A Comment