ဇန်နဝါရီအပြောင်းအရွှေ့မှာ ထရီပီယာကို ခေါ်ယူလိုနေတဲ့ နယူးကာဆယ် ယူနိုက်တက်
ဘောလုံးလောကရဲ့ အချမ်းသာဆုံးအသင်းသစ်ဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ
လာမယ့်ဇန်နဝါရီလမှာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ညာနောက်ခံလူ ကီရန်ထရီပီယာ ကို ခေါ်ယူလိုနေပါတယ်။
နယူးကာဆယ်နည်းပြ အယ်ဒီဟောင်းက သူ့အသင်းမှာ လိုအပ်နေတဲ့ ကစားသမားရဲ့ အရည်အချင်းနဲ့
ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဖို့ မျှော်လင့်ပါတယ်။
Promocode (ပရိုမိုကုဒ်) MMSPORT100 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။
The Sun ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားအတွက်
ယူရို သန်း ၃၀ ပေးချေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ထရီပီယာဟာ ဒဏ်ရာတွေနဲ့ ရာသီအစမှာ ကကျိုးကကြောင်ဖြစ်နေပြီး မားကို့စ်လိုရန်တီရဲ့
စွမ်းဆောင်ရည်တွေကြောင့် သူဟာ အသင်းကနေ ချန်လှပ်ခံထားရပါတယ်။
ဒါဟာ သူ့အတွက် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာခွင့်ရဖို့ အခွင့်အရေးရှိနေပါတယ်။
ထရီပီယာဟာ ပခုံးဒဏ်ရာကြောင့် လေ့ကျင့်ခန်းပြန်ဆင်းဖို့ ရက်သတ္တပတ်အနည်းငယ်ခန့်အနားယူရမှာ ဖြစ်ပါတယ်။
တကယ်လို့ သူသာ အင်္ဂလန်ကလပ်အသင်းဆီလာခဲ့ရင် အသင်းကို အတွေ့အကြုံတွေ၊
ခေါင်းဆောင်မှုတွေ ယူဆောင်လာမှာ သေချာပါတယ်။
ထရီပီယာဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဂါရတ်ဆောက်ဂိတ်ရဲ့ အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး
မကြာသေးခင်က ဥရောပချန်ပီယံရှစ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းအတွက် သူ့ရဲ့ စွမ်းဆောင်ရည်တွေကို
နိုင်ငံတကာစင်မြင့်မှာ မြင်တွေ့ခဲ့ရပါတယ်။