Palhinha ကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်အသင်းများ။

Joao Palhinha is wanted by EPL sides
January 13, 2023

ဖူလ်ဟမ် ကြယ်ပွင့် Palhinha [ ဂျိုအာအို ပါလ်ဟင်ဟာ ] ကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် အသင်းများ။

Palhinha [ ဂျိုအာအို ပါလ်ဟင်ဟာ ] ဟာ ဖူလ်ဟမ် အသင်း ရဲ့ ကြယ်ပွင့် တစ်ဦး ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ လီဗာပူးလ် နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

လီဗာပူးလ် နဲ့ တော့တင်ဟမ် ဟော့ စပါးအသင်းတို့ဟာ ဖူလ်ဟမ် ကွင်းလယ် ကစားသမား ဂျိုအာအို ပါဟင်ဟာကို အနောက် လန်ဒန်ကလပ် [ ဖူလ်ဟမ် အသင်း ] ဆီ ပြောင်းရွေ့ ပြီးနောက် လအနည်းငယ်အကြာတွင် ခေါ်ယူရန် အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ကြသည်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ကလော့ပ်ဟာ ကွင်းလယ်လူ ပါလ်ဟင်ဟာ ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

အသက် ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ ဂျိုအာအို ပါလ်ဟင်ဟာ ဟာ အင်္ဂလန် ထိပ်သီး ကလပ်အသင်းတွေ နဲ့ ချက်ချင်း လိုက်လျောညီထွေ ဖြစ်စေ ပြီးနောက် နှစ်သင်းစလုံးအတွက် နွေရာသီ ခေါ်ယူမှု အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

ယာဂင် ကလော့ပ် ရဲ့ လီဗာပူးလ် အသင်းဟာ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂျိမ်းမီလ်နာ၊ ဂျော်ဒန် ဟန်ဒါဆန်၊ သီယာဂို အယ်လ်ကန်တာရာ နဲ့ ဖာဘင်ဟို တို့နဲ့အတူ ဗဟို ကွင်းလယ် လူသစ် တစ်ဦးကို ရှာဖွေလျက် ရှိနေပါတယ်။

Joao Palhinha at Fulham

ပါလ်ဟင်ဟာ ဟာ ဖူလ်ဟမ်မှာ အကောင်းဆုံး ခြေစွမ်းပြနေပါတယ်။

လီဗာပူးလ်အသင်းဟာ ဘရိုက်တန်ရဲ့ အီကွေဒေါ ကွင်းလယ်လူ မွိုက်စ် ကိုက်ဆယ်ဒိုကို Anfield [ လီဗာပူးလ် ] ဆီ ပြောင်းရွှေ့ဖို့ အပြင် ဒေါ့မွန် ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဂမ် ကိုလည်း ခေါ် ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ပေါ်တူဂီ ကွင်းလယ်လူ Palhinha [ ဂျိုအာအို ပါလ်ဟင်ဟာ ]  က ဖူလ်ဟမ်ကနေ ထွက်ခွာမှာလား။

အထူးသဖြင့် ကလော့ပ်ရဲ့ လီဗာပူးလ် အသင်းမှာ ဗဟို ကွင်းလယ်လူသစ် တစ်ဦးကို အလိုရှိနေကြောင်း ထင်ရှားပြီး ဂျိုအာအို ပါလ်ဟင်ဟာ ကို သူတို့ရဲ့ အလားအလာရှိတဲ့ ကွင်းလယ် ကစားသမား ခေါ် ယူမှု စာရင်းမှာ ထည့်သွင်းထားပါတယ်။

တော့တင်ဟမ် ဟော့ စပါး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘရိုက်တန် အသင်းမှ အိဗ်စ် ဘီဆူးမား ကို ခေါ်ယူခဲ့ပေမယ့် နောက်ထပ် ဗဟို ကွင်းလယ်လူသစ် တစ်ဦးကို ခေါ် ယူဖို့ ရှာဖွေနေပုံရပါတယ်။

Joao Palhinha at Portugal

ပေါ်တူဂီ လက်ရွေးစင် ကစားသမား ပါလ်ဟင်ဟာ။

အားကစား မီဒီယာ Give Me Sport မှ Dean Jones ရဲ့ အဆိုအရ ကွင်းလယ်လူ ဂျိုအာအို ပါလ်ဟင်ဟာ ဟာ လီဗာပူးလ် နဲ့ တော့တင်ဟမ် ဟော့စပါး နှစ်သင်း စလုံးက အပူတပြင်း လိုက်ရှာနေတဲ့ ကွင်းလယ် ကစားသမားပါ။

ဖူလ်ဟမ်ကွင်းလယ်လူ ဂျိုအာအို ပါလ်ဟင်ဟာ ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး

Jones က “ သူ့ရဲ့ လိုက်လျောညီထွေမှုဟာ ဒီနေရာက ကစားသမားတွေ အတွက် လိဂ်တခွင်မှာ ယှဉ်လုနီးပါးဖြစ်ပြီး လီဗာပူးနဲ့ တော့တင်ဟမ် ဟော့ စပါးတို့ဟာ လက်ရှိအချိန်မှာ သူ့ကို မျက်စိကျနေတဲ့ ကလပ်နှစ်သင်းလို့ နားလည်ထားပါတယ်။ “

ဖူလ်ဟမ်အသင်းဘက် က သူတို့ရဲ့  အသက် ၂၇ နှစ် အရွယ်ရှိ ပေါ်တူဂီ လက်ရွေးစင် မှာ အကြွင်းမဲ့ အရည်အချင်း ရှိတယ်လို့ သိထားပြီး ကစားသမားကို လုံးဝ မဆုံးရှုံး စေချင်ပါဘူး။ ” လို့ မှတ်ချက်ပြု ပြောဆိုထားပါတယ်။

၂၇ နှစ်သား ပါလ်ဟင်ဟာ ဟာ ဖူလ်ဟမ် အသင်း နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာကြောင့် လီဗာပူးလ် နဲ့ စပါးအသင်းတို့ဟာ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပါက သူတို့ဟာ ကြီးမားတဲ့ အခကြေးငွေနဲ့ ဆက်လက် ကြိုးပမ်းဖို့ လိုပါလိမ့်မယ်။

Joao Palhinha at Sporting CP

စပို့တင်း ကစားသမားဟောင်း ပါလ်ဟင်ဟာ။

Sporting CP ကနေ ရောက်ရှိလာပြီးကတည်းက ပါလ်ဟင်ဟာ ဟာ ဖူလ်ဟမ်အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူထားပါတယ်။ သူဟာ ဖူလ်ဟမ်ရဲ့ အထင်ကြီး လောက်စရာ ရာသီအစမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။

သူ့ ရဲ့ ခံစစ်ပိုင်းပါ ဆင်းကူပေးမှုက မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ် အသင်းကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိစေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment