ရုရှားကနေ ပြင်သစ်ကို ပြောင်းရွှေ့ကျင်းပသွားမယ့် ဥရောပချန်ပီယံစ်လိဂ် ဗိုလ်လုပွဲ
အခုနှစ် ဥရောပ ချန်ပီယံလိဂ် ဖိုင်နယ်ကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ Stade de France ( ပြင်သစ် အမျိုးသား အားကစားရုံ ) မှာ
ပြောင်းလဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ရဲ့ လတ်တလော စစ်ပွဲကြောင့် မေလရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို စိန့်ပီတာစဘတ်ကနေ ပဲရစ်ကို ရွှေ့လိုက်ပြီလို့ UEFA က အတည်ပြု
လိုက်ပါတယ်။
1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်) MMSPORT100 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။
အကောင့်ဖွင့်နည်း
How to register in 1XBET?
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ သောကြာနေ့က သူ့ရဲ့ အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးမှာ အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဥ်
ကို အရင်က ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ စိန့်ပီတာစဘက်မြို့က Gazprom Arena ကွင်းမှာ မေလ ၂၈ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့်
လုံခြုံရေးအခြေအနေအရ ပြင်သစ်ကို ပြောင်းရွှေ့လိုက်ရပါတယ်။
Gazprom Arena ဘောလုံးကွင်း၊ စိန့်ပီတာစဘက်မြို့၊ ရုရှား။
ကြာသပတေးနေ့က UEFA အနေနဲ့ ကျူးကျော်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး “ယူကရိန်းဘောလုံးအသိုက်အဝန်းနဲ့ စည်းလုံးညီညွတ်မှု” မှာ ခိုင်ခိုင်မာမာ
ဆက်လက်တည်ရှိနေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
UEFA ထုတ်ပြန်ချက်
UEFA အမှုဆောင်ကော်မတီဟာ ဥရောပမှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာပြီးနောက် ထူးထူးခြားခြား အစည်းအဝေးတစ်ရပ်ကို မကြာသေးခင်က ကျင်းပ
ပြုလုပ်ခဲ့ပါတယ်။
UEFA အမှုဆောင်ကော်မတီဟာ 2021/22 UEFA Men’s Champions League ဖိုင်နယ်ကို စိန့်ပီတာစဘက်ကနေ ပြင်သစ်ရှိ Stade de France ကွင်းကို
ပြောင်းရွှေ့ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဆိုပါပွဲစဥ်းကို မေလ 28 ရက် စနေနေ့ 21:00 CET ချိန်မှာ မူလသတ်မှတ်ထားတဲ့အတိုင်း ကျင်းပသွားမှာ ဖြစ်
ပါတယ်။
UEFA က ပြင်သစ်သမ္မတ Emmanuel Macron ကို အကျပ်အတည်းကာလမှာ ပုဂ္ဂိုလ်ရေး ပံ့ပိုးကူညီမှုနဲ့ ဥရောပကလပ်ဘောလုံးလောက၏ ဂုဏ်သိက္ခာအရှိ
ဆုံးပွဲတစ်ပွဲကို ပြင်သစ်သို့ ပြောင်းရွှေ့ကျင်းပရန် ကတိပြုမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ပြင်သစ်အစိုးရနဲ့အတူ UEFA တို့ဟာ ယူကရိန်းမှာ
ရှိတဲ့ ပြင်းထန်တဲ့ဒုက္ခတွေ၊ ပျက်စီးမှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူတွေ၊ ဘောလုံးကစားသမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ကယ်ဆယ်နိုင်ရေး
အတွက် အစုအဖွဲ့ပေါင်းစုံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အပြည့်အဝ ထောက်ခံအားပေးသွားမယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ UEFA အမှုဆောင်ကော်မတီဟာ UEFA ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ရုရှားနဲ့ ယူကရိန်းကလပ်အသင်းတွေနဲ့ နိုင်ငံလက်ရွေးစင်အသင်း
တွေဟာ သူတို့ရဲ့ အိမ်ကွင်းပွဲစဉ်တွေကို ထပ်မံအသိပေးခြင်းမပြုမချင်း ကြားနေကွင်းတွေမှာ သွားရောက် ကစားရမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အကုန်လုံး အမြန်ဆုံး ရပ်စဲကြပါစေ။