Mount နဲ့ ပြန်လည်တွေ့ဆုံချင်နေတဲ့ သောမတ်စ် တူချယ်။

Mount is wanted to move by Tuchel to Byan
March 29, 2023

လီဗာပူးလ် ပစ်မှတ် Mason Mount [ မေဆင် မောင့်ထ် ] အတွက် ဖြစ်နိုင်ခြေ ပြောင်းရွှေ့ကြေး ပမာဏ။

Mount [ မေဆင် မောင့်ထ် ] ကို ခေါ် ယူဖို့ စိတ်ဝင်စားနေတဲ့ အထဲမှာ လီဗာပူး အပြင် ဘိုင်ယန်မြူးနစ် နည်းပြသစ် Thomas Tuchel ဟာလည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားကို ခေါ် ယူချင်နေပါတယ်။

ဘိုင်ယန် နည်းပြသစ် သောမတ်စ် တူချယ် ဘက်က တပည့်ဟောင်း Mount [ မေဆင် မောင့်ထ် ] နဲ့ ပြန်လည် ဆုံစည်းဖို့ စိတ်အား ထက်သန်နေပေမယ့် ကစားသမား ရဲ့ ပြောင်းရွှေ့ကြေးက ခန့်မှန်းခြေ ပေါင် သန်း ၅၀ လောက်တော့ ရှိမှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မေဆင်မောင့်ထ်နဲ့ ပြန်လည် တွေ့ဆုံဖို့ ဆန္ဒ ရှိနေတဲ့ သောမတ်စ် တူချယ်။

ဘိုင်ယန်မြူးနစ် အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက် ချယ်လ်ဆီး နည်းပြဟောင်း သောမတ်စ် တူချယ်ဟာ သူ့ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေ ရေးဆွဲရာမှာ အချိန်ဖြုန်းခြင်း မရှိခဲ့ပါဘူး။

နာဂယ်လ်မန်း ကို ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ် အဖြစ် ခန့်အပ်ခံရတဲ့ တူချယ်ဟာ တစ်ပတ်လုပ်ခ ပေါင် 200,000 တန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးတဲ့ ချဲလ်ဆီးရဲ့ အင်္ဂလန် တိုက်စစ် ကစားသမား Mason Mount နဲ့ ပြန်လည်တွေ့ဆုံဖို့ ဆန္ဒ ရှိနေပါတယ်။

Mount vs Tuchel

မေဆင်မောင့်ထ်ကို ခေါ်ယူချင်နေတဲ့ တူချယ်။

စတန်းဖို့ ဘရစ်ချ်မှာ ချဲလ်ဆီးအသင်း နဲ့ Mason Mount [ မေဆင် မောင့်ထ် ] ရဲ့ လက်ရှိ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲ ရောက်ရှိလာတာကြောင့် အင်္ဂလန် ကွင်းလယ်တိုက်စစ်ဟာ အေးဂျင့်အသစ် တစ်ဦးကို ခေါ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

ကွင်းလယ် တိုက်စစ် Mount [ မေဆင် မောင့်ထ် ] အတွက် ချဲလ်ဆီးရဲ့ တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး။

နည်းပြ ဂရေဟမ် ပေါ်တာ ရဲ့ ကြိုးပမ်းမှုတွေ ရှိနေပေမယ့် Mason Mount [ မေဆင် မောင့်ထ် ] ဟာ ချယ်လ်ဆီး နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိအောင် စီစဉ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။

အဲ့ဒါက ကစားသမားကို ခေါ် ယူဖို့ စိတ်ဝင်စားနေကြတဲ့ လီဗာပူးလ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ကို သတိပေးသလို ဖြစ်ခဲ့ပေမယ့် အခုအခါ ဘိုင်ယန်မြူးနစ်အသင်းကလည်း သူ့ကို ခေါ် ယူနိုင်ဖို့ အတွက် ပြိုင်ပွဲမှာ ပါဝင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Mount at England

အင်္ဂလန် လက်ရွေးစင် မေဆင်မောင့်ထ်။

အမှန်တကယ်ကတော့ ချယ်လ်ဆီး အသင်း အနေနဲ့ သူတို့ရဲ့  အကယ်ဒမီထွက် ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို  ပေါင် သန်း ၅၀ တောင်းဆိုဖို့ မျှော်လင့်ထားကြောင်း The Times က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း သောမတ်စ် တူချယ်ရဲ့ ဘိုင်ယန်မြူးနစ် အသင်းဘက်က ချဲလ်ဆီးအသင်းရဲ့ မသေချာ မရေရာတဲ့ အခြေအနေ ကနေ အခွင့်ကောင်းကို ရယူကာ သတ်မှတ် တန်ကြေးကို ဖြည့်ဆည်းပေးနိုင်မှာပါ။

တကယ်တော့ သောမတ်စ် တူချယ်က Mason Mount [ မေဆင် မောင့်ထ် ] ရဲ့  ပရိတ်သတ် တစ်ဦးပါ။

မောင့်ထ်ဟာ ချဲလ်ဆီးအသင်းမှာ အတူ အလုပ်တွဲလုပ်စဥ် ကာလအတွင်း တူချယ် ရဲ့ ပွဲဦးထွက် XI အသင်းမှာ ပုံမှန် ပွဲထွက် ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ် အောင်မြင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။

သို့သော်လည်း လက်ရှိ ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာလက်ထက်မှာတော့ မေဆင် မောင့်ထ် ရဲ့ ပွဲကစားချိန်တွေ လျော့နည်းသွားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီကတည်းက မိနစ် ၉၀ ပြည့် ပွဲစဥ် ၂ ပွဲသာ ကစားခဲ့ရပါတယ်။

Mount with CL Trophy

ချန်ပီယံလိဂ် ဖလားနဲ့အတူ မေဆင်မောင့်ထ်။

လက်ရှိမှာတော့ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရပြီး မကြာသေးမီက အင်္ဂလန်အသင်း ကနေ နုတ်ထွက်ခဲ့ရခြင်းကြောင့် မေဆင် မောင့်ထ် ရဲ့ ကြံ့ခိုင်မှု နဲ့ပတ်သက်ပြီး စိုးရိမ်မှုများလည်း ရှိနေပါတယ်။

အင်္ဂလန် ကွင်းလယ်လူ ရဲ့ အခြေအနေ ဟာ လီဗာပူးလ် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ရဲ့ စိတ်ဝင်စားမှု ကို အမှန်တကယ် ဖြစ်စေခဲ့ပေမယ့် လာမယ့် ရာသီမှာ သူဘယ်မှာ ကစားမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ် ပါတယ်။a

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment