Aubameyang ရဲ့ ချဲလ်ဆီးအသင်းနဲ့ ‌အပြောင်းအရွှေ့

Aubameyang want to stay at Barcelona
August 5, 2022

ဘာကာတိုက်စစ်မှူး Aubameyang [ အူဘာမီယန်း ] ရဲ့ ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့

Aubameyang [ အူဘာမီယန်း ] ဟာ ချဲလ်ဆီးအသင်းဆီ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး နည်းပြ ဇာဗီရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ခဲ့ပါတယ်။

တိုက်စစ်မှူး Pierre-Emerick Aubameyang [ ပီရဲ အမ်းမရစ် အူဘာမီယန်း ] ဟာ ဘာစီလိုနာအသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

[ အူမာမီယန်း ] Aubameyang ရဲ့ အပြောင်းအရွှေ့အပေါ် ဇာဗီရဲ့ ထင်မြင်ချက်။

ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ကတ်တလန် နည်းပြ ဇာဗီက အပြင်ဘက် ပရိတ်သတ်တွေအနေနဲ့ ထင်မြင်ချက်တွေဟာ အဓိပ္ပါယ်ရှိချင် ရှိနိုင်တယ်လို့ဆိုပါတယ်။ ချဲလ်ဆီးအသင်းမှာ အထောင်တိုက်စစ်မှူးတစ်ဦး လိုအပ်နေပြီး  အူဘာမီယန်းကတော့ အာဆင်နယ်အသင်းနဲ့ လေးနှစ်ကြာ လက်တွဲခဲ့ပြီးနောက်  လန်ဒန်မြို့နဲ့ ကောင်းစွာ ရင်းနှီးသူတစ်ဦး ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ မှတ်တမ်းရှင်းတမ်းတွေကို လက်ကျန်စာရင်းရှင်းဖို့ လိုအပ်နေချိန်မှာ နာမည်ကြီး ထိပ်တန်း တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ ရောဘတ်လီဝန်ဒေါစကီးကို ခေါ်ယူ လက်မှတ်‌ရေထိုး ခဲ့ပါတယ်။

Aubameyang vs Xavi

ဇာဗီက အူဘာကို အသင်းမှာ ဆက်ထားချင်နေပါသေးတယ်။

ဒါပေမယ့် နည်းပြ ဇာဗီက အသက် ၃၃ နှစ်အရွယ် အူဘာမီယန်းအတွက် မက်မောလောက်တဲ့ ကမ်းလှမ်းမှုတစ်ခုမှ မပါဝင်ပါက တိုက်စစ်မှူးကို ထွက်ခွာဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး

” ဘာကာက ပီရဲ အမ်းမရစ် အူဘာမီယန်း [ Aubameyang ] ကို ထွက်ခွာဖို့ကိစ္စ ညှိနှိုင်းမှာ မဟုတ်ပါဘူး။ အင်္ဂလန်မှာ ထင်ကြေးပေးခံနေသလို ချဲလ်ဆီးအသင်းကို ကမ်းလှမ်းထားတဲ့ ကစားသမား စာရင်းထဲမှာ ထည့်သွင်းခဲ့တယ်ဆိုတာ မမှန်ပါဘူး။ “

” နည်းပြ ဇာဗီအတွက် ရှေ့တန်း တိုက်စစ်ပိုင်းက လုံးဝ ပြောင်းရွှေ့လို့ မရပါဘူး။ အသင်း အားကစား ဒါရိုက်တာတွေကလည်း ဒီလိုပဲ ယူဆပါတယ်။ ” လို့ ကတ်တလန် နေ့စဥ်ထုတ် အားကစားသတင်းဌာန Sport က ရေးသား ဖော်ပြခဲ့ပါတယ်။

ခြေစွမ်း ပိုတိုးတက်လာတဲ့ [ အူဘာမီယန်း ]  Aubameyang

ဘာစီလိုနာ တိုက်စစ်မှူး အူဘာမီယန်းဟာ ဆောင်းရာသီ အပြောင်းအရွှေ့မှာသာ ရောက်ရှိလာခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၃ ဂိုး သွင်းယူပြီး ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

သူရောက်မလာခင် ဘာစီလိုနာမှာ မိသားစုရှိထားပြီးဖြစ်တဲ့ ကစားသမားဆီကနေ နောက်ထပ် သွင်းဂိုးတွေ ထပ်မံရရှိနိုင်မယ်လို့ နည်းပြ ဇာဗီက ယုံကြည်နေပါတယ်။

Aubameyang vs Lewandowski at Dortmund

ဒေါ့မွန်မှာတုန်းက အတွဲညီခဲ့တဲ့ အူဘာနဲ့ လီဝီ။

အမ်းမရစ် အူဘာမီယန်းနဲ့ လီဝန်ဒေါစကီးတို့ဟာ ၂၀၁၃/ ၂၀၁၄ အားကစား ရာသီတုန်းက သူတို့ရဲ့ တိုက်စစ်မှာ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဘရုရှား ဒေါ့မွန်အသင်းမှာ အတူတွဲကစားခဲ့ကြတယ်ဆိုတာ သတိရဖို့ ကောင်းပါတယ်။

အူဘာဟာ နည်းပြ ဇာဗီရဲ့ နှစ်သက်ရာ ၄-၃-၃ ကစားကွက်နဲ့ လုံးဝလိုက်ဖက်တဲ့ အနေအထားမှာ ပါဝင်ကစားရတာ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ တိုက်စစ်မှူးက ထုတ်ဖော်ပြောဆိုထားပါတယ်။

ဇာဗီရဲ့ အူဘာမီယန်းအပေါ် မှတ်ချက်

နည်းပြ ဇာဗီဟာ တိုက်စစ်မှူး အူဘာမီယန်းကို အသင်းကနေ ထွက်ခွာခွင့် မပြုကြောင်း ကြေညာထားပါတယ်။ နည်းပြက တိုက်စစ်မှူးကို ထွက်ခွာဖို့ မလိုလားသလို သူ့ရဲ့ ထွက်ခွာမှုကိုလည်း ညှိနှိုင်းမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ သူက ပီရဲ အမ်းမရစ် အူဘာမီယန်းဟာ ထူးခြားတဲ့ အဆင့်အတန်းမှာ စွမ်းဆောင်နိုင်တယ်လို့ ယူဆနေပါတယ်။

အူဘာဟာ ကတ်တလန်အသင်းဆီ ဇန်နဝါရီလမှာ ရောက်ရှိလာပြီးနောက် လာလီဂါနောက်ဆုံး ခြောက်လအတွင်း အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

မမ်းဖစ် ဒီပိုင်းရဲ့ ဘာကာနဲ့ အနာဂတ်

ဒီချိန်မှာ တိုက်စစ်ကစားသမား မမ်းဖစ် ဒီပိုင်းရဲ့ အနာဂတ်ဟာ နူးကမ့်မှာ ရှင်းရှင်းလင်းလင်းကို နည်းပါးသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက လာလီဂါမှာ ၁၁ ဂိုးသွင်းယူထားတဲ့ ဂါဘွန်သားကို ကျော်လွန်ပြီး လာလီဂါ သွင်းဂိုး ၁၂ ဂိုး သွင်းယူထားတဲ့ နယ်သာလန်သားဟာ ပုံမှန် ပွဲထွက် ပထမအသင်းမှာ ကစားခွင့် မိနစ်တွေ ရရှိဖို့ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

Aubameyang vs Memphis at Barcelona

လက်ရှိဘာကာ တိုက်စစ်အတွဲ အူဘာနဲ့ မမ်းဖစ်။

လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းက သူ့ကို ခေါ်ယူ လက်မှတ်ထိုးဖို့ တန်းစီနေတဲ့ အသင်းစာရင်းမှာ ရပ်တယ်နေပါတယ်။ ဂါဘွန်လက်ရွေးစင် ကစားသမား Aubameyang [ ပီရဲ အမ်းမရစ် အူဘာမီယန်း ] ဟာ အိုလော့နဲ့ အင်တာ မီယာမီတို့နဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ နှစ်ကြိမ် ဂိုးသွင်းခဲ့ပါတယ်။

ပြီးတော့ သူဟာ ဩဂုတ်လ ၁၃ ရက်နေ့ သူတို့ရဲ့ လာလီဂါ အဖွင့် ပွဲစဥ်တွေအတွက် ရာယို ဗယ်လီကာနိုအသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်တဲ့အခါ တိုက်စစ်ပိုင်းအတွက် ပါဝင် ကစားဖွယ် ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment