Hazard က နောက်ရာသီ ရီးယဲလ်မှာ ရှိနေဦးမယ်။

Hazard will be at Real Madrid next season
March 15, 2023

နောက်ရာသီ ရီးယဲလ် မက်ဒရစ် အသင်းမှာ Hazard [ အီဒင် ဟာဇက် ] ရှိနေဦးမယ်။

Hazard [ အီဒင် ဟာဇက် ] ဟာ ရောက်ရာသီ လက်ရှိ ရီးယဲလ် မက်ဒရစ် အသင်းမှာပဲ ရှိနေဦးမယ် ဆိုပေမယ့် ဘယ်လ်ဂျီယံ တောင်ပံ တိုက်စစ် ကစားသမား အနေနဲ့ သူ့အတွက် ကစားရမယ့် အချိန်ကို မျှော်လင့်နေပါတယ်။

ရီးယဲလ် မက်ဒရစ် အသင်း နည်းပြ အန်ဆယ် လော့တီ နဲ့ သူ့ရဲ့ ဆက်ဆံရေးဟာ လုံးဝ ပျက်ပြားသွားပြီး စကား မပြောဖြစ်ကြတော့ဘူးလို့ ဘယ်လ်ဂျီယံသားက ဝန်ခံလိုက်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မက်ဒရစ် အသင်း မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး Hazard [ အီဒင် ဟာဇက် ] က အခုလို ပြောဆိုထားပါတယ်။

“ ကျွန်တော့် အတွက်ကတော့ လာမယ့် ရာသီမှာ ရီးယဲလ် မက်ဒရစ် မှာ ဆက်ရှိနေမှာပါ။ ဒါပေမယ့် ခင်ဗျားတို့ ဘယ်တော့မှ မသိနိုင်ပါဘူး။ ကျွန်တော်နဲ့ အန်ဆယ်လော့တီလား? လေးစားမှု ရှိပါတယ်။ ”

“  ဒါပေမယ့်လည်း တစ်ယောက် နဲ့ တစ်ယောက် စကားတွေ မပြောဖြစ်ကြဘူး။ ဘောလုံးကစားတာကို လွမ်းတယ်။ ကစားချင်တယ် ။ ငါပျော်ချင်တယ်။ ” လို့  RTBFsport ကို ပြောကြားခဲ့ပါတယ်။

Hazard struggled at Real Madrid

ဟာဇက်က မက်ဒရစ်ကို ရောက်လာကတည်းက ရုန်းကန်နေခဲ့ရပါတယ်။

ချယ်လ်ဆီး ဂန္တဝင် ဟာ ဒီရာသီ ပြိုင်ပွဲစုံ မှာ ၂၉၆ မိနစ် သာ ပါဝင် ခဲ့ပြီး ဂိုးဖန်တီးမှု နဲ့ ဂိုးဖန်တီးမှု တွေ လည်း ပြုလုပ် ထား ခဲ့ ပါတယ် ။ သူ့ရဲ့နောက်ဆုံးပွဲဟာ ကိုပါဒယ်ရေး ပြိုင်ပွဲမှာ စတုတ္ထ အဆင့်အသင်း ဖြစ်တဲ့ CP Cacereno နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါ ပေမယ့် သူ့ရဲ့ ပွဲ ကစားချိန်တွေမှာ ရုန်းကန်နေရတာတောင်မှ လာမယ့် အပြောင်းအရွှေ့ ကာလမှာ အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ချက် မရှိဘူးလို့ Hazard [ အီဒင် ဟာဇက် ] က ပြောပါတယ်။

အန်ဆယ်လော့တီနဲ့ ဟာဇက်တို့ တစ်ယောက်နဲ့တစ်ယောက် လေးစားမှု ရှိကြပါတယ်။

မကြာသေးမီက သူဟာ အသင်း ကနေ ထွက်ခွာဖို့ ရည်ရွယ်ချက် မရှိကြောင်း ကြေငြာခဲ့ပြီး တစ်ပတ် လုပ်ခ ပေါင် ၄၇၀,၀၀၀ တန်ကြေး ရှိတဲ့ သူ့ရဲ့ စာချုပ် နောက်ဆုံးနှစ်ကို ကုန်ဆုံးလိုကြောင်း ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ နည်းပြ အန်ဆယ် လော့တီ နဲ့ ပတ်သက်ပြီး Hazard [ အီဒင် ဟာဇက် ] က ‘ကျွန်တော်တို့ ကြားမှာ လေးစားမှုရှိပါတယ်။ ဒါပေမယ့် တစ်ယောက် နဲ့ တစ်ယောက် စကား မပြောဖြစ်ပါဘူး။

Hazard vs Ancelotti

အန်ဆယ်လော့တီနဲ့ ဟာဇက်တို့ အပြန်အလှန်လေးစားမှု ရှိပါတယ်။

ဘာလို့လဲ ဆိုတော့  အချင်းချင်း ပြောနေတာမျိုး မဟုတ်ပါဘူး။ ဒါပေ မယ့် အမြဲတမ်း လေးစားမှု ရှိမှာပါ။ မနက်ဖြန်တွေမှာ ငါ့ကို ပွဲကစားဖို့ အခွင့်အရေးတွေ မပေးဘူးဆိုရင်တောင်ပေါ့ဗျာ။

ဒါနဲ့ ပတ်သက်ပြီး ဟာဇက်က “ ကာလို အန်ဆယ် လော့တီလို ပုဂ္ဂိုလ် တစ်ဦး အပေါ် လေးစားမှု ရှိရမယ်။ ဘောလုံးအတွက် သူကိုယ်စားပြုတဲ့အရာ၊ သူ့ကစားသမားဘ၀မှာ သူလုပ်ဆောင်ခဲ့တာတွေက ပြဿနာ မရှိပါဘူး။ ” လို့ ပြောဆိုထားပါတယ်။

နည်းပြ အန်ဆယ် လော့တီ ဘက်ကလည်း Hazard [ အီဒင် ဟာဇက် ] အပေါ် မှတ်ချက်ပြုခဲ့ပါတယ်။

အန် ဆယ် လော့တီက ရီးယဲလ် မက်ဒရစ် နဲ့ လီဗာပူးလ် တို့ ချန်ပီယံလိဂ်မှာ ထိပ်တိုက် တွေ့ဆုံမှု  မတိုင်ခင် အီဒင် ဟာဇက် နဲ့ သူတို့ နှစ်ဦးကြားက ဆက်ဆံရေးအကြောင်း ထုတ်ဖော် ပြောပြခဲ့ပါတယ်။

အန်ဆယ်လော့တီက “ ဟာဇက်က အရမ်းရိုးသားတယ်၊ အကျင့်စာရိတ္တကြောင့် ဖြစ်နိုင်တဲ့အတွက် စကားတွေ အများကြီး မပြောဖြစ်ပါဘူး။ ကျွန်တော့်အတွက် အရေးကြီးဆုံး အချက်က စကားများများ မပြောရင် သူက ကျွန်တော့်ကို လေးစားလိုက်နာလို့ပါပဲ။ ”

Hazard Vinicius vs Ancelotti

ဟာဇက်နေရာမှာ ပုံစံကောင်းတွေ ရနေတဲ့ ဗင်နီရှက်စ်။

အရေးကြီးဆုံးက သူ့ကို လေးစားသလိုပဲ။ သူ့မှာ ပြိုင်ဆိုင်မှုတွေ အများကြီး ရှိပါတယ်။ သူ့နေရာမှာ ကစားပုံ အရမ်းကောင်းနေတဲ့ Vinicius ရှိနေတော့ သူ့အတွက် ခက်ခဲနေတာပါ။ ” လို့ ပြောဆိုထားပါတယ်။

ဟာဇက်ဟာ ၂၀၁၉ ခုနှစ်မှာ ရီးရဲလ်သို့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈၈.၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် အချို့သော add-ons များ ထွက်ပေါ်လာခြင်းကြောင့် ဘယ်လ်ဂျီယံသားအတွက် ကုန်ကျစရိတ်မှာ စံချိန်တင် ပေါင်သန်း ၉၀ ရှိခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment