Nkunku [ အန်ကန်ကူ ] ရဲ့ ပြောင်းရွှေ့ကြေး။

Nkunku to Chelsea
October 4, 2022

ချဲလ်ဆီး ပစ်မှတ် Nkunku [ အန်ကန်ကူ ] ရဲ့ ပြောင်းရွှေ့ကြေး။

Nkunku [ ခရစ္စတိုဖာ အန်ကန်ကူ ] ကို ခေါ် ယူဖို့ ချဲလ်ဆီးအသင်း အနေနဲ့ ပစ်မှတ်ထားနေတယ်လို့ သိရပြီးနောက် ကစားသမားအတွက် ပြောင်းရွှေ့ကြေးက ဘယ်လောက်ဖြစ်မလဲ။

ချဲလ်ဆီးအသင်းဟာ ဂျာမန် ဘွန်ဒက်စ်လီဂါ RB လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူး Christopher Nkunku [ ခရစ္စတိုဖာ အန်ကန်ကူ ] ကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ် အပြောင်းအရွှေ့မှာ အပြီးသတ် ခေါ်ယူနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုထားတဲ့ ခရစ္စတိုဖာ အန်ကန်ကူ။

ပြင်သစ် လက်ရွေးစင် ကစားသမားဟာ ဘွန်ဒက်စ်လီဂါ ကလပ်အသင်းနဲ့ ပြီးခဲ့တဲ့ ရာသီအစ ကတည်းက ထွန်းတောက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်ရဲ့ ထိပ်တန်း အကျော်အမော် ကစားသမားတွေထဲကတစ်ဦး ဖြစ်ပါတယ်။

ခရစ္စတိုဖာ အန်ကန်ကူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ဥရောပ ထိပ်တန်းအသင်းတွေ အာရုံစိုက်မှု အမျိုးမျိုးကို ဆွဲဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကြိုတင်ချိတ်ဆက်ထားပြီးဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ပဲ နောက်ထပ်တစ်နှစ် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။

Nkunku 9 goals involvements in 12 games

ဒီရာသီ အန်ကန်ကူဟာ အသင်းသွင်းဂိုး ၉ ဂိုးအထိ ပါဝင်ပတ်သက်မှု ရှိနေပါတယ်။

ဒါပေမယ့် လိုက်ပ်ဇစ်အသင်းဟာ ဘွန်ဒက်စ်လီဂါမှာ အဆင့် ၁၁ မှာသာ ရပ်တည်နေပြီး ကစားသမားရဲ့ ‌ချန်ပီယံလိဂ် မျှော်လင့်ချက်တွေကြောင့် လာမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာ စာချုပ်လျော်ကြေး ယူရို သန်း ၆၀ နဲ့ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။

ပြင်သစ်သား Nkunku [ ခရစ္စတိုဖာ အန်ကန်ကူ ] ရဲ့ ပြောင်းရွှေ့ကြေးက ဘယ်လောက်လဲ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက သူ့ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော် တန်ကြေး သတ်မှတ်ခံခဲ့ရဖူးပြီး အခုလက်ရှိ ဥရောပအသင်းတွေက စိတ်ဝင်စားမှုရှိနေသေပေမယ့် သူ့ရဲ့ တန်ကြေးကတော့ သိသိသာသာ ကျဆင်းသွားခဲ့တယ်လို့ ဆိုရပါမယ်။

အခုအခါ ချဲလ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမတိုင်ခင် ဂျာမန် ကလပ်အသင်းနဲ့ သဘောတူညီမှု ရရှိဖို့ အရှိန်အဟုန်နဲ့ ကြိုးပမ်းနေပြီး ကစားသမားကို ခေါ် ယူနိုင်ဖို့ အခြေအနေ ကောင်းနေဆဲ ဖြစ်ပါတယ်။

ကစားသမားရဲ့ အသက်အရွယ်၊ စွမ်းဆောင်ရည်တွေအရ လက်ရှိမှာ သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ခန့်မှန်းခြေ ယူရို ၆၁ သန်း ပတ်ဝန်းကျင် တန်ကြေး ရှိနေပါတယ်။ တချို့ လိုအပ်ချက် အမှားအယွင်း အနည်းငယ် ဒါမှမဟုတ် ခေါ်ယူမယ့် အသင်းပေါ်မူတည်ပြီး အမြင့်ဆုံး ယူရို ၇၇ သန်းအထိ ရှိနိုင်ပါတယ်။

Nkunku at France

ပြင်သစ်လက်ရွေးစင် ကစားသမား အန်ကန်ကူ။

ပြိုင်ပွဲစုံ ၅၂ ပွဲ မှာ ၃၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၀ ကြိမ်ထက်မနည်း ပြုလုပ်ထားတဲ့ အန်ကန်ကူရဲ့ ကောင်းမွန်တဲ့ ကွင်းတွင်း စွမ်းဆောင်ရည်တွေက သူ့ကို ၂၀၂၆ နှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ခြင်းရဲ့ အဓိက သက်သေပါပဲ။

လာမယ့် နိုဝင်ဘာလမှာ ၂၅ နှစ်သာ ရှိဦးမယ့် ခရစ္စတိုဖာ အန်ကန်ကူဟာ အသက်အရွယ်အားဖြင့် ငယ်သေးတာကြောင့် သူ့အတွက် တိုးတက်ဖို့ အလားအလာတွေ၊ ကောင်းမွန်တဲ့ အနာဂတ်တွေ ရှိလာဦးမှာ ဖြစ်ပါတယ်။

လက်ရှိ လန်ဒန်အသင်းဟာ တိုက်စစ်မှူး အန်ကန်ကူအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေးချေရမယ့် ငွေကို အတိအကျ မသိရသေးပေမယ့် တိုက်စစ်မှူး ခရစ္စတိုဖာရဲ့ လက်ရှိ တန်ကြေးထက် ပိုနေမယ်လို့ အကြံပြုထားပါတယ်။

ဂရေဟမ်ပေါ်တာရဲ့ ပထမဆုံးကစားသမား ဖြစ်လာဖွယ်ရှိတဲ့ Nkunku [ ခရစ္စတိုဖာ အန်ကန်ကူ ]။

အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ ကျိုးကြောင်း ဆင်ခြင်မှုဟာ စာချုပ်ရဲ့ ဖွဲ့စည်းပုံကို စောစီးစွာ ထည့်သွင်းခွင့်ပြုဖို့ရယ်၊ သူတို့နဲ့ စာချုပ် အကြိုသဘောတူညီမှုရရှိထားတဲ့ ကစားသမားကို လုံခြုံစေဖို့ရယ်တို့ ဖြစ်ပါလိမ့်မယ်။

ကိန်းဂဏာန်းတွေအရ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကန်ကူအတွက် မျှတတဲ့ သဘောတူညီချက်တစ်ခု ရရှိမှာ ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ လိုက်လျောညီထွေ ဘက်စုံသုံးနိုင်ဖို့ နည်းပြ ဂရေဟမ် ပေါ် တာရဲ့ ချဥ်းကပ်မှု အဆင်ပြေ ချောမွေ့ဖို့ မျှော်လင့်ရပါတယ်။

Nkunku 35 goals in 52 games

ပြီးခဲ့တဲ့ ရာသီတုန်းက အန်ကန်ကူဟာ ပြိုင်ပွဲစုံ ၃၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

ပြင်သစ်လူငယ် တိုက်စစ်မှူး Nkunku [ ခရစ္စတိုဖာ အန်ကန်ကူ ] ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အခြေတည်တဲ့ အရည်အချင်းရှိသူဖြစ်ပြီး အခုရာသီမှာ လိုက်ပ်ဇစ်အသင်း အနေနဲ့ ရုန်းကန်နေရပေမယ့် အခုရာသီ ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲမှာ ၉ ဂိုးအထိ ပါဝင် ပတ်သက်မှု ရှိနေပါတယ်။

နည်းပြ ဂရေဟမ် ပေါ်တာရဲ့ အသင်းမှာ တကယ် ခြေစွမ်းကောင်းတဲ့ ကစားသမားတွေ ရှိနေပါတယ်။ သို့ပေမယ့်လည်း သူတို့ဟာ သူကိုယ်တိုင် ခေါ်ယူခဲ့တဲ့ ကစားသမားတွေ မဟုတ်ပါဘူး။ တကယ်လို့သာ အန်ကန်ကူကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ခရစ္စတိုဖာ အန်ကန်ကူက စတန်းဖို့ဒ်ဘရစ်ချ်မှာ ပထမဆုံး‌သော ” ဂရေဟမ်ပေါ်တာရဲ့ ကစားသမား ” ဖြစ်လာစေမှာပါ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment