Manu Kone ရဲ့ ဥရောပ ထိပ်တန်းအသင်းတွေနဲ့ အပြောင်းအရွှေ့။

Manu Kone is wanted by Man Utd, Chelsea and PSG
March 28, 2023

မွန်ချန်ဂလာဘက်ချ် ကွင်းလယ်လူ Manu Kone [မာနူ ကိုနေး ]  ရဲ့  အပြောင်းအရွှေ့ အပ်ဒိတ်။

Manu Kone [မာနူ ကိုနေး ] ကို ခေါ် ယူဖို့ ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ပီအက်စ်ဂျီ အသင်းတို့က  စိတ်ဝင်စားနေတာကြောင့် ကွင်းလယ် ကစားသမား ဘက်က အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး အက်တူဒိတ် သတင်း ချပြလိုက်ပါတယ်။

Borussia Monchengladbach ရဲ့ ကြယ်ပွင့် ဖြစ်တဲ့ Manu Kone [မာနူ ကိုနေး ] ဟာ ဥရောပ  အကြီးဆုံး ကလပ်တချို့ ရဲ့ စိတ်ဝင်စားမှုကြားမှာ သူရဲ့ အနာဂတ် နဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းကို ဖော်ပြခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မာနူကိုနေးရဲ့ မွန်ချန်ဂလာဘက်ချ်နဲ့ စာချုပ်က ၂၀၂၅ ထိ သက်တမ်း ရှိနေပါတယ်။

အသက် ၂၁ နှစ် အရွယ် ပြင်သစ်သားကို ချယ်လ်ဆီး၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ပီအက်စ်ဂျီ အသင်းတို့က ဘွန်ဒက်စ်လီဂါမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေ နဲ့  ကင်းထောက်တွေကို အထင်ကြီးစေပြီးနောက် အလိုရှိနေတယ်လို့ သိရပါတယ်။

ကွင်းလယ် ကစားသမားဟာ လက်ရှိမှာ ပြင်သစ် U-21 အသင်း နဲ့အတူ နိုင်ငံတကာ တာဝန်များ ထမ်းဆောင်နေပေမယ့် သူ့ရဲ့ အနာဂတ်က အခု နွေရာသီမှာ ပြောင်းလဲမှု ရှိလာနိုင်တယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြထားပါတယ်။

Manu Kone at France U-21 Team

ပြင်သစ် ယူ-၂၁ အသင်းမှာ ပူးပေါင်းနေတဲ့ မာနူ ကိုနေး။

ဘွန်ဒက်လီဂါကလပ်မှာ သူ့ရဲ့ စာချုပ်ဟာ 2025 ခုနှစ်အထိ သက်တမ်း ကျန်ရှိနေပြီး စာချုပ်မှာ နောက်ထပ် တစ်နှစ်အတွက် ရွေးချယ်ခွင့် ပါရှိပါတယ်။ သို့သော်လည်း ကလပ်အသင်းများ အပြိုင်အဆိုင် ဖြစ်လာပြီး မကြာခင် ထွက်ခွာမယ်လို့ မျှော်လင့်ရပါတယ်။

သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး Manu Kone [မာနူ ကိုနေး ] က အခုလို ထုတ်ဖော်ပြောဆိုထားပါတယ်။

သူက Le Parisien ကို “ PSG ရဲ့ စိတ်ဝင်စားမှုလား? ကျွန်တော်က ပဲရစ်သားဆိုတာ ခင်ဗျား သိပါတယ်။ နောက်ပြီး ကျွန်တော်က ဒီမှာပဲ မွေးပြီး ဒီမှာပဲ လေ့ကျင့်ခန်းတွေ ဆင်းခဲ့တယ်။ “

“ ဒါပေမယ့် ပဲရစ် ဒါမှမဟုတ် တခြားအသင်းပဲဖြစ်ဖြစ် ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ ကျွန် တော် ကစားချင်တာပါ။ ထွက်ခွာရမယ်ဆိုရင် ဦးစားပေး အနေနဲ့ ကစားဖို့ စဉ်းစားပါ့မယ်။” လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

Manu Kone played 25 games for Glabech

ဒီရာသီ မာနေးဟာ အသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားထားပါတယ်။

၂၀၂၁ ခုနှစ်မှာ Toulouse ကနေ Gladbach အသင်းဆီ ရောက်ရှိလာခဲ့တဲ့ Manu Kone [မာနူ ကိုနေး ] ဟာ သူ့ရဲ့ အသင်းအတွက် အခု ရာသီမှာ ၂၅ ပွဲ ပါဝင် ကစားထားပြီး ၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။

ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ PSG တို့က Manu Kone [မာနူ ကိုနေး ] ကို စိတ်ဝင်စားနေကြပါတယ်။

မကြာသေးမီက အပြောင်းအရွှေ့ ဆရာကြီး Fabrizio Romano က “ မာနူ ကိုနေးအတွက် ကလပ် ၃ သင်းက အပြိုင်ဦးဆောင်နေတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ သေချာတာကတော့ တစ်ခုက ချဲလ်ဆီးပါပဲ။ ချဲလ်ဆီးအသင်းလည်း ရှိနေမှာပါ။ “

“ မန်ချက်စတာ ယူနိုက်တက်ကလည်း ကစားသမားနောက်ကို လိုက်နေပါတယ်။ ဒါကြောင့်မို့ ချဲလ်ဆီး၊ မန်ယူ၊ PSG အသင်း ၃ သင်းလုံးက အပြိုင်အဆိုင်ပါပဲ။ တခြားကလပ်တွေက ပြိုင်ပွဲဝင်ဖို့ အချိန်ကျန်နေပါသေးတယ်။ “

“လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပြိုင်ပွဲကို ဦးဆောင်ဖို့ ကြိုးစားနေကြပေမယ့် ဒီသုံးသင်းကတော့ Manu Kone အတွက် အဆက်အသွယ်နဲ့ အခြေအနေတွေကို ရှာဖွေနေပြီဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့အတွက် မျှော်လင့်ထားတာကြောင့် စောင့်ကြည့်တာမျိုးပါ။”

Manu Kone Tuchel vs Kovacic

တူချယ်က ကိုဗစ်ဆစ်ကို ဘိုင်ယန်ဆီ ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပါတယ်။

“ဒါကြောင့်  နွေရာသီ အပြောင်းအရွှေ့တစ်ခုဟာ အပိုပရိုဂရမ်တွေနဲ့ အနည်းဆုံး ယူရိုသန်း ၅၀ တန်ကြေးရှိမယ်လို့ နားလည်ထားပါတယ်။ အဲ့ဒါကြောင့် ကိုနေးအတွက် စျေးကြီးတဲ့ သဘောတူညီမှုတစ်ခု ဖြစ်လာမှာပါ။” လို့ ဖော်ပြခဲ့ပါတယ်။

ကွင်းလယ်အင်အား ထပ်ဖြည့်ဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီး။

ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ အင်ဇို ဖာနန်ဒက်ဇ်ကို ဗြိတိန် စံချိန်တင် ယူရို ၁၂၁ သန်း နဲ့ ခေါ်ယူခဲ့ပြီး ဂရေဟမ် ပေါ်တာ အသင်းက ဘရာဇီးလ် ကြယ်ပွင့် ကစားသမား အန်ဒရေ့ဂ်ျဆန်းတို့စ်ကိုလည်း ခေါ်ယူခဲ့ပါတယ်။

မကြာသေးခင်က သောမတ်စ် တူချယ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ကွင်းလယ်လူ မတ်တီယို ကိုဗာ့ဆစ်ကို မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ခရိုအေးရှား လက်ရွေးစင် ကိုဗာ့ဆစ်ရဲ့ အနာဂတ်အတွက် စိုးရိမ်မှုများဖြင့် ချဲလ်ဆီးရဲ့ ကွင်းလယ်မှာ အရည်အချင်းရှိ ကစားသမားတချို့ ထပ်မံ ထည့်သွင်းဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment