R Lukaku ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အက်စတွန် ဗီလာ။

R Lukaku is wanted by Aston Villa
March 20, 2023

အင်တာ တိုက်စစ်မှူး R Lukaku [ ရိုမလူ လူကာကူ ] ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အက်စတွန် ဗီလာ။

R Lukaku [ ရိုမလူ လူကာကူ ] ကို လာမယ့် ရာသီမှာ အင်တာ မီလန် နဲ့ ချဲလ်ဆီး အသင်း နှစ်သင်း စလုံးက သူတို့ရဲ့  အသင်း ကစားသမား စာရင်းမှာ ထည့်သွင်းဖို့ ရည်ရွယ်ထားခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

အဲ့ဒီအတွက် 2023-24 ခုနှစ်အတွင်း ရိုမလူ လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် အသင်းတစ်သင်းကတော့ အက်စတွန် ဗီလာဖြစ်ကြောင်း Fichajes က ဖော်ပြထားပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အင်တာဘက်က လူကာကူ ကို အသင်းဟောင်း ချဲလ်ဆီးဆီ ပြန်ပို့ဖို့ များနေပါတယ်။

အက်စတွန် ဗီလာ အသင်းဟာ တိုက်စစ်မှူးသစ် တစ်ဦးကို ဝယ်ယူဖို့ ကြိုးပမ်းနေပြီး ရိုးမား အသင်း ရဲ့ ချယ်လ်ဆီး အသင်း တိုက်စစ်မှုးဟောင်း တစ်ဦး ဖြစ်တဲ့ တမ်မီ အေဘရာဟမ် ကိုလည်း  စောင့်ကြည့်လျက် ရှိနေပါတယ်။

တိုက်စစ်မှူး  R Lukaku [ ရိုမလူ လူကာကူ ]  အနေနဲ့ ၎င်းတို့ ရှာဖွေနေတဲ့ နံပါတ် ၉ တိုက်စစ်မှူး ပုံစံမျိုး ရော၊ ပြောင်းရွှေ့ကြေး စာရင်း အရပါ ကိုက်ညီနေပေမယ့် ငွေရေးကြေးရေးအရ ဒါဟာ ရှေ့ကို တည့်တည့် မရောက်နိုင်တဲ့ သဘောတူညီချက် တစ်ခုပါ။

R Lukaku at Chelsea

ချဲလ်ဆီးကို ရောက်ရှိလာပြီးကတည်းက ရုန်းကန်နေခဲ့ရတဲ့ လူကာကူ။

အင် တာ မီလန် အသင်း အနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး  R Lukaku [ ရိုမလူ လူကာကူ ] မေလမှာ အငှားစာချုပ် ကုန်ဆုံးတာနဲ့ သူ့ရဲ့ မူလအသင်း ဖြစ်တဲ့ ချဲလ်ဆီး အသင်းဆီ ပြန်ပို့ဖို့ အလားအလာ ပိုများလာနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့ အံဝင်ဂွင်ကျ မဖြစ်ခဲ့တဲ့ R Lukaku [ ရိုမလူ လူကာကူ ]။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမလူ လူကာကူ ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ချဲလ်ဆီးအသင်း ကနေ တစ်ရာသီ အငှားနဲ့ အင်တာမီလန် ဆီ ပြန်လာခဲ့ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှု နဲ့ ပုံစံကောင်းရရှိဖို့ရုန်းကန်နေရသူ ဖြစ်ပါတယ်။

သူဟာ ဒီရာသီ အသင်းအတွက် ၈၂၈ မိနစ်သာ ကစားခဲ့ပြီး ၈ ပွဲကို ပွဲထွက်စာရင်းမှာ ပါဝင် ကစားခဲ့ပါတယ်။ သူ ဟာ ဒီရာသီ စီးရီးအေမှာ ၃ ဂိုးသာ သွင်းယူထားပြီး ပွဲကစားချိန်တွေမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ ထင်ထားတာထက် ပိုပြီး နည်းပါးနေခဲ့ပါတယ်။

R Lukaku against Croatia

လူကာကူဟာ ကမ္ဘာ့ဖလားမှာ လက်ရွေးစင် အသင်းနဲ့ အံဝင်ဂွင်ကျ မဖြစ်ခဲ့ပါဘူး။

လူကာကူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်း နဲ့ အံဝင်ဂွင်ကျ မရှိခဲ့ဘဲ အသင်းကို အုပ်စုအဆင့်ကနေ လှည့်ပြန်စေခဲ့တဲ့ ခရိုအေးရှားနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု ပွဲစဥ် (၃) မှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ချယ်လ်ဆီးကို ပြောင်းလာကတည်းက R Lukaku [ ရိုမလူ လူကာကူ ]  ဟာ ရုန်းကန်နေခဲ့ရပါတယ်။

အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကစားသမားဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ အင်တာမီလန် ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၁၅ သန်း နဲ့ ချဲလ်ဆီးအသင်းကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ကြံ့ခိုင်မှုလည်း စတင်ကျဆင်းလာခဲ့ပြီး အင်တာမီလန်မှာ သူ့ရဲ့ ပထမ နှစ်နှစ်တာလုံး မှာ လွဲချော်ခဲ့တဲ့  ပွဲတွေထက် ၂၀၂၁ ခရစ္စမတ် မတိုင်ခင် ချဲလ်ဆီးအတွက် ကစားရမယ့် ခြောက်ပတ်ကြာ လွဲချော်ခဲ့တဲ့ ပွဲတွေထက် ပိုများနေခဲ့ပါတယ်။

လူကာကူအနေနဲ့ သူ့ရဲ့ ကစားသမား ဘဝတစ်လျှောက် ကစားခဲ့တဲ့ အကောင်းဆုံး ကလပ်အသင်း ဆီ ပြန်လာပြီး သူ့ရဲ့ နောက်ထပ် ကစားသမား ဘဝကို ပြန်လည် ရှင်သန်ဖို့ မျှော်လင့်ခဲ့ပါတယ်။

R Lukaku at Inter Milan

အင်တာဘက်က လူကာကူကို လုပ်ခလစာ ကြီးကြီးမားမား ပေးဆောင်နေရပါတယ်။

ဒါပေမယ့် အခုအချိန်အထိ ဘယ်လ်ဂျီယံသားအတွက် အဆင်မပြေသေးပါဘူး။ မေလမှာ အသက် ၃၀ နှစ်ပြည့်ပြီး လစာ ကြီးကြီးမားမား ပေးချေနေရတာကြောင့် အင်တာမီလန်ဘက်က သူ့အနေနဲ့ သိသိသာသာ တိုးတက်မလာပါက သူ့ကို သက်တမ်းတိုးဖို့ အလွန်တွန့်ဆုတ်နေပါတယ်။

အက် စတွန်ဗီလာ အသင်းအနေနဲ့ သူ့ရဲ့ ကစားသမားဘ၀ကို ပြန်လည် အသက်သွင်းဖို့ နောက်ထပ် အခွင့်အရေး တစ်ရပ်ကို ကိုယ်စားပြုနိုင်ပေမယ့် ချဲလ်ဆီးအသင်းနဲ့ သူ့ရဲ့ စာချုပ်မှာ ကျန်ရှိနေတဲ့ လစာနဲ့ တန်‌ကြေး‌တွေကြောင့် ဈေးပေါပေါနဲ့တော့ ရောက်ရှိလာမှာ မဟုတ်ပါဘူး။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment